23

39K 5.4K 566
                                    

ကောင်းထက်က စာသင်ခြင်းတွင်အာရုံမရောက်ဘဲ တံခါးမကြီးကနေမြင်နေရသည့် အုတ်တိုင်ကိုမှီကာရပ်နေသော အကိုလွန်းမာန်ဆီ၌သာ စိတ်ရောက်နေသည်။ ရိုးရိုးသားသား ရပ်စောင့်တာဆို သူ့မှာ စာသင်တာကိုအာရုံစိုက်နိုင်ပေမယ့် ယခုတော့ အကိုလွန်းမာန်သည် သူ့ကိုမျက်နှာမလွှဲကြည့်နေလို့ပင်။ ယခုလို အကြည့်မခံရဖူးသည်မို့ ကြောက်စရာကောင်းသည်လို့တော့ ထင်မိသည်။ မနက်က အကိုလွန်းမာန်ရဲ့ သူ့နောက်ပြေးလိုက်လာပုံသည် မိများမိသွားရင် ပါးကို ဆွဲထိုးတော့မည့်အတိုင်း။ အတွေးနှင့်တင် ကြက်သည်းထသွားတာမို့ ကိုယ့်ပါးကိုယောင်ယမ်းပြီး ကိုင်မိသည်။ မိသွားရင်တော့ မလွယ်လှပေ။

“ကြည့်စမ်း ကောင်မလေးတွေက သူတို့ကို့ကြည့်တယ်မှတ်ပြီး ရှက်ယမ်းယမ်းနေပြီ၊ အကိုလွန်းမာန်မျက်လုံးကဖြင့် မင်းဆီမှာကို သူတို့မျက်လုံးတွေ ဒီဂရီစောင်းနေတယ် ထင်တယ်”

နိုးနိုင်က ကောင်းထက်နားအနားသို့ကပ်၍ အသံကျိတ်ကျိတ်ပြောကာ သူ့စကားကိုသူ  ပြန်ရယ်သည်။ ကောင်းထက်ကတော့ မရယ်နိုင်။ လွန်းမာန်ရဲ့ အကြည့်လှောင်အိမ်ကြား ပိတ်မိနေသော ယုန်ငယ်လေးပမာ ကြောက်နေရသည်။အကြည့်တွေကစူးရှလှသည်မို့ ဘယ်အချိန် ပေါက်ထွက်မည်လဲ မသိ။

ကောင်းထက်က အကိုလွန်းမာန် သူ့ကိုမကြည့်လောက်တော့ဘူးဟု မျှော်လင့်ချက်ထားလျက် တံခါးပေါက်ဘက်သို့ အနည်းငယ် စွေစောင်းကြည့်မိတော့ အကိုလွန်းမာန်ကကြည့်လျက်ရှိတုန်း။ အကိုလွန်းမာန်အကြည့်ကြောင့် ပေါင်ပေါ်တင်ထားသည့် သူ့လက်ပင် လက်အုပ်ချီမိသွားသည်။

“ဘုရားကယ်ပါ”

တစရာဆိုလို့ ဘုရားသာရှိပေတော့သည်။

၁၂ကျော်ဆိုပေမယ့် ရပ်နေသည့်လွန်းမာန်ခြေထောက်က မညောင်းနိုင်သေး။ ကျူတိုဖြေပြီး၍ အတန်းချိန် ခဏမရှိတာတောင် တိုက်ပုံသည် အခန်းထဲကထွက်မလာဘဲ စာသင်ချိန်ဆက်တိုက် ထိုင်နေတာ အခုချိန်ထိ။ သူကလည်း တိုက်ပုံထွက်လာမည့်အချိန်ထိစောင့်မည်လို့ ဆုံးဖြတ်ပြီးပြီးမို့ တိုက်ပုံမြင်သာလောက်သည့် တံခါးရှေ့မှာ ရပ်စောင့်နေသည်။ တစ်ချက်တစ်ချက် ခိုးကြည့်လာသည့် မျက်ဝန်းတွေထဲ ကြောက်လန့်မှုတွေကို တစ်စတစ်စတွေ့ရတော့ ကိုယ်ကပဲ သူ့ကိုကိုက်စားမည့်ပုံ။ ချစ်တယ်ပြောပြီး နောက်ရက်မှာ ထွက်ပြေးသောလူသားသည် တိုက်ပုံတစ်ယောက်သာ ရှိမယ်ထင်။ ဆိုတော့ တိုက်ပုံရဲ့ကြောက်စိတ်အတိုင်း မိပါက ပါးဖောင်းလေးတွေကို ကိုက်စားပစ်မည်ဟု အမောင်တိုက်ပြေးပုံအား စိတ်ထဲ၌ ကြိမ်းလိုက်မိသည်။

Oh my god!!!!(Completed)Where stories live. Discover now