13

40.6K 5.8K 395
                                    

နိုးနိုင်က ရှန်းဆစ်ရင်ဘက်ကိုဆောင့်တွန်းလိုက်သဖြင့် ရှန်းဆစ်ခြေလှမ်းတွေ နောက်ကိုနှစ်လှမ်းလောက်ဆုတ်သွားသည်။

"ခင်ဗျား ကျွန်တော့်ကို လက်ပါမစရာမလိုဘူး"

"အယ် အကိုရှန်းဆစ်"

ရှန်းဆစ်က နိုးနိုင်ကို ဒေါသတကြီး ထိုးမလို့ပြင်လိုက်တာကြောင့် ကောင်းထက်က နိုးနိုင်ရှေ့မှာ ကာရပ်လိုက်သည်။ ရှန်းဆစ်မှာ နိုးနိုင်ရှေ့က ချစ်လွန်းလို့ မထိရက်မကိုင်ရက်ဖြစ်ရသော မျက်နှာလေးကြောင့် ထွက်နေသည့်အမျက်အား ရင်ထဲသို့သာထိန်းချုပ်ထားရကာ ရွယ်ထားသည့်လက်ကို ပြန်ရုတ်ရသည်။

"နိုးနိုင် မင်းအရင်သွားနှင့်နော်၊ ငါအကိုရှန်းဆစ်ကို စာရှင်းပြမယ်လို့ ကတိပေးထားလို့"

နိုးနိုင်ဘက်ကိုလှည့်၍ပြောတော့ နိုးနိုင်မျက်နှာတည်သွားတာကို တွေ့ရသည်။

နိုးနိုင်က ကောင်းထက်လက်ကိုဆွဲကိုင်ပြီး....

"မရဘူး မင်းပါလိုက်ခဲ့၊ ကိုယ့်ရဲ့စားချိန်သောက်ချိန်ကိုရင်းပြီး ဘယ်သူ့မှ စာရှင်းမနေနဲ့ လာ "

"နိုးနိုင်"

ဆွဲထားသည့်လက်ကို ရုန်းဖြုတ်လိုက်တော့ နိုးနိုင်ကအံကြိတ်ကြည့်လာသည်။ ကောင်းထက် သက်ပြင်းချလိုက်ပြီး...

"ငါ ပြီးရင် လာခဲ့မယ်လေ၊ အရင်သွားနှင့်လေနော်"

"မလာနဲ့ လာစရာလည်းမလိုဘူး၊ ငါနဲ့ လာမပတ်သက်နဲ့တော့"

သူ့အတွက်ပြောပေးတာကို သူကပဲ ဟိုကောင့်ကို ကာကွယ်ပေးနေရတယ်ရှိသေး။ ဒါမျိုးတော့ နိုးနိုင်ကို လာကြောလို့ ရမလား။ နိုးနိုင်က စေတနာနဲ့ ကူညီသည်။ သူကူညီတာ အနှောင့်အယှက်ဖြစ်သွားတယ်ဆိုလည်း မကူညီပေ။ ကောင်းထက်ကိုကျောခိုင်းခဲ့ရင်း တစ်ယောက်တည်း foreverသို့သွားရတော့သည်။

"ညီ ကိုယ့်ကို ရှင်းပြမယ်မလား"

တစ်ရွေ့ရွေ့နဲ့ ထွက်သွားသည့် နိုးနိုင်ကို မျက်နှာငယ်လေးနဲ့ကြည့်ရင်း ကောင်းထက်မျက်ဝန်းထဲ မျက်ရည်တို့ ရစ်သိုင်းဖွဲ့လာသည်။ သူက ကတိပေးပြီးရင် မဖျက်တတ်လို့ကို နိုးနိုင်က နားမလည်ပေ။ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လျက် အားတင်းကာ အကိုရှန်းဆစ်ကို ပြုံးပြမိပြီး မြေနိမ့်ပိုင်း ပိတောက်ပင်ရှိရာသို့ ဦးစွာဆင်းလိုက်သည်။

Oh my god!!!!(Completed)Where stories live. Discover now