26

42.1K 5.4K 566
                                    

ရှန်းဆစ်က ပြန်ထကာ ​လွန်းမာန်အား လည်ပင်းအင်္ကျီစကနေ ဆွဲယူလိုက်တော့ တုန့်ပြန်ခြင်းအနေဖြင့် ရှန်းဆစ်လည်ပင်းပေါ် ရောက်လာသည့် လက်တစ်ဖက်။ မာန်မလျော့ကျသော 

ခြင်္သေ့တို့ပမာ အားပြင်းမှုသည် ဒေါသကြောင့် ပုံမှန်ထက်ပိုနေသည်။ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခြင်းက ကျောင်းမှာသာမဟုတ်ရင် ရန်စပျိုးတော့မည့်အမျိုး၊ သတ်ကွင်းကို ပုံဖော်တော့မည့်အတိုင်း။

“ရန်ဖြစ်တော့မယ်ထင်တယ် ဆွဲဦးလေ ကောင်းထက်”

နိုးနိုင်က ကြောင်တောင်တောင်ငေးကြည့်နေသည့် ကောင်းထက်အား ပခုံးကနေလှုပ်ပြောမှ ကောင်းထက်ကအလန့်တကြား လှည့်ကြည့်လာသည်။

“နိုးနိုင် ကယ်ပါဦး”

ဪ ကယ်ပါဦးတဲ့။ နိုးနိုင်မျက်နှာရှုံ့မဲ့သွားကာ ကောင်းထက်နဖူးအား လက်ဖျားထိပ်နဲ့ ဖက်ခနဲ နှစ်ချက်လောက် ရိုက်လိုက်သည်။

“မင်းကြောင့်ဖြစ်တာလေ မင်းတားမှပေါ့”

“ငါတားရမှာလား”

“အေးလေ”

ကောင်းထက်က ကြောင်တောင်တောင်နဲ့ အရှေ့သို့ပြန်လှည့်သွားသည်။ တားရမည်ဆိုတော့ ဘယ်လိုတားရမည်လဲ။ တစ်ခါမှမတားဖူးပါ။

“ဟို လေ ရန်မဖြစ်ပါနဲ့ဗျ တောင်းပန်ပါတယ်ဗျ”

ထီးကို ခေါင်းထက်မြင့်အောင်အထိထား၍ လက်ကိုနဖူးအပ်ကာ ရန်ဆောင်သူနှစ်ဦးကြားထဲ ကောင်းထက်က အတင်းတိုးခွေ့ဝင်လိုက်သည်။ ချစ်သောသူအရှက်ကို ထောက်ခြင်းငှါ တစ်ယောက်နှင့်တစ်ယောက် နာကျင်အောင်ပြုထားကြသောလက်တို့ကို နှစ်ယောက်လုံး ပြန်ရုတ်လိုက်ကြသည်။ 

“လာ တိုက်ပုံ”

လွန်းမာန်က အလည်မှာညှပ်နေသည့် တိုက်ပုံအား လက်မောင်းကနေ ဆွဲခေါ်လိုက်သည်။ ရှန်းဆစ်က မထုံတတ်သေးမျက်နှာနှင့် ကောင်းထက်အားကြည့်ကာ...

“ကိုယ်ကအတည်မလုပ်ဘူး ထင်နေတာလား ညီ၊ ကိုယ်ကောင်းတဲ့အဖြေပဲ ကြားချင်တယ်လို့ပြောခဲ့တယ်လေ”

လွန်းမာန် မျက်လုံးမှေးခနဲ။ အဖြေ ဘာအဖြေလဲ။ ဘာကိုဖြေခိုင်းတာလဲ။ တိုက်ပုံကို ငုံ့ကြည့်တော့ တိုက်ပုံလည်းအဖြေရခက်နေပုံ။

Oh my god!!!!(Completed)Where stories live. Discover now