36

36.7K 5.5K 1K
                                    

            နိုးနိုင်က ဆရာမအလစ်ကို ချောင်းနေသည်။ ခုံတန်းက သုံးတန်းဖြစ်ပြီး ကြားနှစ်ကြားသာ ရှိသော်လည်း တစ်ကြားမှာ ဆရာမတစ်ယောက်စီက ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်မို့ ကောင်းထက်ထဲကကြည့်ဖို့ရာ နိုးနိုင်အကျပ်ရိုက်ရသည်။

 သို့သော်လည်း ထပ်၍ လမ်းလျှောက်မလာတော့သည့် ဆရာမကြောင့် နိုးနိုင်က ရှေ့ကလူကိုကွယ်ကာ...

“ကောင်းထက် ငါ့ပြဦး ပထမအပုဒ်”

“အေး”

ကောင်းထက်က စာရွက်ကို မသိမသာထောင်ပြသည်။ ကောင်းထက်နှင့်နိုးနိုင်က ခုံနံပါတ်ရှေ့နောက်အစဉ်လိုက်မကျပါသော်လည်း တစ်ထိုင်ခုံထဲမှာပင် ကောင်းထက်က ဘယ်ဘက်မှာကျလာသဖြင့် နိုးနိုင်အတွက် ပျော်မဆုံးဖြစ်ရသည်။ ကောင်းထက်က စာဖြေလို့ပြီးပေမယ့် စာရွက်မထပ်သေးဘဲ ဆရာမအလစ်မှာ နိုးနိုင်ကို စာပြရသည်။ ဒါဟာ ကောင်းထက်အတွက် ပထမဆုံး ဆရာမအလစ်မှာခိုးလုပ်ခြင်းပင်။ 

“ပြီးပြီ မေးခွန်းနံပါတ်လေး”

ကောင်းထက်က နိုးနိုင်ပြခိုင်းသည့် ပုစ္ဆာမှန်သမျှကို ပြပေးပါသည်။ သူငယ်ချင်းဆိုတော့လည်း စာမပြမှသူငယ်ချင်းအမှန်လို့ ပြောဆိုတာထက် ကိုယ်ပြလို့သူ့ဒုက္ခမှကင်းလွတ်ရမှုကိုသာ ကောင်းထက် အလိုရှိသည်။ နိုးနိုင်က အိုကေဟု လက်ညိုးလက်မပေါင်းလုပ်ပြမှ ကောင်းထက်က အရင် စာရွက်ထပ်လိုက်သည်။ နိုးနိုင်က ကောင်းထက်ထွက်ပြီး သုံးမိနစ်လောက်နေမှ ထွက်မည်ဟု စာမေးပွဲခန်းထဲမဝင်ခင် ကောင်းထက်အား ပြောထားလေသည်။

ကောင်းထက်က အခန်းထဲမှထွက်ပြီးပြီးချင်း တံခါးမကြီးရဲ့ဘေးမှာ ဒူးတုတ်ထိုင်ကာ ဆရာမနှစ်ယောက်ကိုရည်ရွယ်ပြီး ဦးချကန်တော့လိုက်သည်။

“ဆရာမ မသိအောင် ခိုးလုပ်ခဲ့ခြင်းအတွက် သားဝန်ချတောင်းပန်ပါတယ်ခင်ဗျာ၊ အပြစ်ရှိက ခွင့်လွှတ်တော်မူပါဗျာ”

“ကောင်းထက် ဘာလုပ်တာတုန်း မင်း ထ ထ ”

နိုးနိုင်က အခန်းထဲကနေထွက်ထွက်ချင်း အတန်းရှေ့မှာ အတန်းကိုထိုင်ကန်တော့နေသည့် ကောင်းထက်ကြောင့် အမြန်ပြေးကာ ကောင်းထက်အား လက်မောင်းကနေ ဆွဲထူပေမယ့်လည်း ကောင်းထက်က မထသေးဘဲ ဦးသုံးကြိမ်ပြည့်သည်အထိ ရှိခိုးဦးချသည်။

Oh my god!!!!(Completed)Where stories live. Discover now