19

40.2K 5.5K 578
                                    

လွန်းမာန်က ခုတင်ပေါ် တစ်စောင်းဝင်ထိုင်၍ တိုက်ပုံနဖူးပေါ် လက်ဖဝါးတင် စမ်းကြည့်တော့ အလာတုန်းကလောက် မပူတော့ပေ။လွန်းမာန် သက်ပြင်းချမိကာ တိုက်ပုံနဖူးပေါ်ကျနေသည့် ဆံပင်တစ်ချို့ကို သပ်တင်ပေးနေမိသည်။

လွန်းမာန်ရဲ့ ယခုလိုဂရုစိုက်မှုကို ခံရသူကောင်းထက်မှာ ရင်တွင်းဆီမှ လှိုက်တက်လာသည့် ပျော်ရွှင်မှုကို ရင်ထဲကနေတိုးမထွက်အောင် မနည်းထိန်းယူထားရပါသည်။

"သက်သာရဲ့လား၊ ကိုယ်မင်းကိုစောင့်ပေးရမယ်၊ ဦးလေးက ဧည့်သည်နဲ့တွေ့ဖို့ ခဏလေးထွက်သွားတယ် နေရမခက်ဘူးမလား"

"ဗျာ ဟုတ်"

"လိမ္မာတယ် ပြီးရင် ကြက်ပေါင်းရည်သောက်ရမယ်၊ နောက်တစ်ခါ မတည့်တာဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ မညီညွတ်တာဖြစ်ဖြစ် ရှိရင် ကိုယ့်ကိုပြောထား ကြားလား၊ မိုးရွာရင်တော့ နောက်တစ်ခါ အိုးဝေနဲ့ပဲ ပြန်ရမယ်၊ ဖျားမှာမို့လို့ ခုနက ကိုယ်ဘယ်လောက်ထိ စိတ်ပူသွားလဲသိလား၊ ကိုယ့်အတွက် မကောင်းတာဖြစ်မယ်ဆို အားမနာဘဲပြောရမယ်လေ ဟုတ်တယ်မလား"

"ဟုတ် ဟုတ် ဟုတ်တယ်ဗျ"

ကောင်းထက်က လွန်းမာန်မျက်နှာကို မကြည့်ဘဲဖြေရသည်။ အရှိန်အဝါတွေ တောက်ပလွန်းလို့ မျက်စိကြိမ်းတော့မယောင်မို့ မျက်နှာချင်းမဆိုင်ရဲ။ ရင်တွေပေါက်ကွဲထွက်တော့မည်တောင် ထင်ရသည်။

"လိမ္မာတယ် တိုက်ပုံက"

ခါးကိုကိုင်းကာ မျက်နှာသို့တည့်တည့်ကြည့်၍ နဖူးပေါ်ကဆံပင်တွေ သပ်ပေးရင်း အပြုံးနှင့်အတူပြောနေသော လွန်းမာန်ကြောင့် ကောင်းထက် အနည်းငယ်ရှက်လာရသည်။ အခုထိ အကြည့်မလွှဲသေးဘဲ မျက်နှာကိုပဲ စိုက်ကြည့်နေသည့်အခါ ကောင်းထက် တံတွေးမျိုချရသည်။ ဘာလို့ ဒီလောက်တောင် သံလိုက်လို ဆွဲငင်အားကောင်းနေရသလဲ အကိုလွန်းမာန်။

ကောင်းထက်က မနေနိုင်မထိုင်နိုင် အကိုလွန်းမာန်ရဲ့ မျက်လုံးတည့်တည့်သို့ ကြည့်လိုက်မိတော့ ညို့ချက်ပြင်းလွန်းစွာ သူ့စိတ်ကို ညွှတ်ကျစေတော့သည်။ ရှက်လာသဖြင့် မျက်လုံးနှင့်မျက်နှာကိုဖုံးဖို့ရာ လက်ကိုရွယ်တော့ သူ့လက်သို့ လာရောက်ဆုပ်ကိုင်သည့် နူးနူးညံ့ညံ့လက်ဖဝါး။

Oh my god!!!!(Completed)Where stories live. Discover now