Chapter 3 (Unicode)

19.9K 1.7K 24
                                    

သံတောင်သည် တောင်ပေါ်ဒေသဆိုသည့်အတိုင်း သဘာဝလေ အေးအေးနုနုများ တိုက်ခတ်နေတတ်လို့လည်း တစ်ခေတ်တစ်ခါအချိန်က ဗြိတိသျှတို့၏ နွေရာသီအပူရှောင် တောင်ပေါ်စခန်း မြို့လေးအဖြစ် တည်ရှိခဲ့သည်။ ဆောင်းမနက်ခင်းတိုင်း တောင်ထိပ်ဖျားတွင် တိမ်ပင်လယ်မြူခိုးများ ဝေလွင်နေတာကြောင့် ငွေနှင်းမှုန်ရစ်သိုင်းသည့် အရမ်းလှပသော မြို့ကလေးဖြစ်သည်။ ဒီမြို့လေးသည် သဘာဝအလှ၏ အမွေအနှစ်ကို အပြည့်အဝ ရရှိထားသလို မြို့ပြဖြစ်ထွန်းခြင်း နှောင့်နှေးခြင်းတို့ကြောင့် ကြက်ပျံမကျ စည်ကားနေခြင်းမရှိဘဲ မြို့ကလေးသည် ရာသီဥတုနှင့်အပြိုင် အေးချမ်းဆိတ် ငြိမ်လျက် ရှိနေသည်။

ချမ်းအေးလှသော ဆောင်းရာသီ၏ ဒီဇင်ဘာရက်စွဲတစ်ခုတွင် ကားတစ်စီးသည် အကွေ့အကောက်ပေါများသော တောင်ပေါ်လမ်းကျဥ်းကို ဝေ့ကာဝိုက် ကာ ဟွန်းတီးကာဖြင့် ဖြည်းဖြည်းမှန်မှန် မောင်းလာနေသည်။ ကားအဖြူရောင်သည် မေတ္တာရိပ် မိဘမဲ့ဂေဟာအရှေ့တွင် ထိုးရပ်သွားသည်။ ကားရပ်လိုက်တာနဲ့ ကားတံခါးကို ခပ်မြန်မြန် ဆွဲဖွင့်လိုက်သော ကောင်လေးက ဂျင်ဂျာပင်။

မြတ်သော်က သားကိုပေးထားသော ကတိအတိုင်း စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်းမှာ ဂျင်ဂျာ့ကို ဂေဟာလိုက်ပို့ပေးရသည်။ အဲ့ဒါက တစ်ပတ်နှစ်ပတ် မဟုတ်ဘဲ အခုဆိုရင် နှစ်ချီနေပြီ။ အတိအကျပြောရရင် ၃ နှစ်ကျော်ခဲ့ပြီ။ သားသည် ထူးခြားစွာ ဒီဂေဟာက ဗင်ဒါ့ကို အလွန်ချစ်ခင်လျက် ရှိသည်။

"ကိုကိုဂျင်ဂျာ"

"ဗင်ဒါ ..မနက်စာ စားပြီးပြီလား ညီလေး"

"မစားရသေးဘူး၊ ကိုကိုက သားအတွက် ကိတ်မုန့်ယူလာပေးမယ်ဆို"

"ကိုကိုယူလာပေးပါတယ်၊ ဗင်ဒါ ဗိုက်ဆာနေပြီလား"

"ကိုကိုမလာသေးလို့ စောင့်နေတာ၊ သား ဗိုက်ဆာနေပြီ"

"ဟုတ်လား၊ ခဏနော် ဗင်ဒါ၊ ကိုကို ကျောပိုးအိတ် သွားထားလိုက်ဦးမယ်"

"ဟုတ် ကိုကို"

ဂျင်ဂျာသည် လွယ်လာသော ကျောပိုးအိတ်ကို အိပ်ခန်းဆောင်ထဲက ဗင်ဒါ့ခုတင်ပေါ်ကို သွားတင်လိုက်သည်။ ဗင်ဒါ့ခုတင်ပေါ်မှာ ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည်ပဲ ရှိသည်။ ဗင်ဒါအိပ်ရတဲ့ ခုတင်လေးမှာ ဂျင်ဂျာပါ ပူးကပ်ပြီး ဖက်အိပ်ခဲ့တာ အခုဆိုရင် ၃ နှစ်‌ကျော် ရှိနေပြီ။

ဗင်ဒါလေးရဲ့ မူပိုင်ရှင် [Completed]Where stories live. Discover now