Author's Note ( Unicode)

9.6K 711 82
                                    

စာရေးသူသည် BL World ကို Addicted (Heroin) Web Series ကြည့်ဖူးပြီး ရောက်ရှိလာခဲ့တာပါ။ Addicted က တရုတ်မှာ အပိတ်ခံထားရတဲ့အတွက် ရပ်နားလိုက်ရတာကိုလည်း သိလိုက်ရတယ်။ အဲ့ဇာတ်လမ်းရဲ့အဆက်ကို ဘာသာပြန်ဝတ္ထုတွေ ရှိနေသေးတာကို သတင်းရလို့ ဝတ္ထုအနောက်ကို လိုက်ရင်းနဲ့ Wattpad ကို တွေ့ရှိသွားတာပါ။

မိမိသည် LGBT အသိုင်းအဝိုင်းနှင့် ပတ်သက်မှုမရှိပေမယ့် love is love ဆိုတာကို လက်ခံတဲ့အတွက် Boy Love Fiction တွေကို စရေးဖြစ်ခဲ့တာ။ အဲ့ဒီကစပြီး Smile Apple ဖြစ်လာတာပါ။

အခု Fiction လေးကို ၁၀ ပိုင်း ရေးပြီးကတည်းက ရပ်လိုက်တော့မယ်၊ Un လိုက်တော့မယ်လို့လည်းဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ်ရေးတဲ့ Fic အပေါ်မှာ တာဝန်ယူစိတ်ကြောင့်ပါ။ Fic ကို စရေးလိုက်မိရင် အဆုံးသတ်ပေးရမှာ စာရေးသူရဲ့ တာဝန်လို့ ခံယူထားခြင်းကြောင့်ပါ။

Fic ရေးတဲ့အလုပ်နဲ့ ရပ်တည်နေတာလည်း မဟုတ်တဲ့အတွက် ကိုယ့်အကျိုးအတွက် လုပ်နေရတဲ့ကိစ္စရပ်တွေကြောင့် ရေးသားခဲ့သမျှသော Fic တွေအပေါ်မှာ စိတ်နှစ်ရေးသားရမယ့် ခံစားသက်ဝင်မှုတွေ ပေါ့လျော့မိသွားတဲ့အခါ reader တို့ကို အဆင်မပြေ ဖြစ်သွားစေခဲ့ရင် စာရေးသူရဲ့ အရေးအသား ညံ့ဖျင်းမှုသာ ဖြစ်တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။

အခုချိန်မှာ Fic ကို(၁၅-၄-၂၀၂၀ မှ ၃-၈-၂၀၂၀ ထိ) ၄ လနီးပါး အချိန်ပေးပြီး ရေးခဲ့ပါတယ်။ ဒီနေ့အထိ စာရေးသူ ရေးခဲ့သမျှသော Fiction တွေကို ဖတ်ပေးလာကြတဲ့ reader တွေကိုရော၊ စာရေးသူ ရေးခဲ့သမျှသော အချစ်၏အရောင်ကွဲများ (More than a friendship) ၊ ကိုယ့်ရဲ့ VIP ၊ မိုးနတ်သား၏ ကြယ်နှင်တံ၊ ရင်မှပျိုးသော စတော်ဘယ်ရီ Fic တွေကို စာအုပ်ထုတ်ပေးဖို့ လာပြောခဲ့ကြတဲ့ reader အကုန်လုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Smile Apple
3-8-2020

ဗင်ဒါလေးရဲ့ မူပိုင်ရှင် [Completed]Where stories live. Discover now