Part (5)

6K 275 12
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (5)

ခြောက်နှစ် ကြာသော်..

" ဟာ အခုထိ လာမကြိုသေးဘူး.. ဒီလောက် ပြောထားရဲ့သားနဲ့ "

ကျောင်းပေါက်ဝမှာ ရပ်ရင်း ပါးစပ်က ပွစိပွစိ နဲ့ ချစ်ချစ် ပြောနေသည်..

ကျောင်းသားကျောင်းသူတွေ မကျန်တော့ဘူး လို့ တွေးမိလေ ဦးသေးကို စိတ်ရှိလက်ရှိ လုပ်ပစ်ချင်လာလေ..

ဒီလောက် ပြောထားရဲ့သားနဲ့ နောက်ကျဖြစ်အောင်ကို နောက်ကျ လိုက်သေး ။

လာပါစေဦး.. တွေ့မယ် ။

တီ............

ကားဟွန်းတီးသံ ကြောင့် လှည့်ကြည့်လိုက်တော့ ကား အနက်ရောင်လေးက လက်လို့..

ဦး ကားကို မောင်းလာပြန်ပြီ နေမှာပေါ့ ။

ဦး ကားသာ ချစ်ချစ် ဆီ ရောက်လာတတ်ပေမယ့် ရံဖန်ရံခါ မှသာ ကားပိုင်ရှင် ဦးက ပါလာတတ်တာမို့ အခုလည်း သူ ပါလာမယ်လို့ တစ်ထစ်ချ မယုံကြည်ရဲ ။

ဦး ပါလာတတ်တာ လက်ချိုးရေလို့တောင် ရသည်လေ..

ချစ်ချစ် ဘောက်ဆတ်ဆတ် နဲ့ ကားဆီသို့ လမ်းလျှောက်သွားလိုက်သည်..။

သိတာပေါ့.. ဗြဲစန်မတို့ အကြောင်း

နောက်ကျလို့ မျက်နှာက ရှစ်ခေါက် မကတော့ဘူး ဆယ့်ခြောက်ခေါက် ချိုးနေပြီ ။

ကားပေါ်ရောက်တာနဲ့ ဦးသေးက ဘာညာနဲ့ လာတော့မှာ...

" ဦးသေးတို့ကလည်း နောက်ကျတာ.. ချစ်ချစ် ဒီလောက် မှာထားတာ စောစော လာကြိုပါဆ..ဟင် ဦး "

ချစ်ချစ် နောက်ခန်းမှာ ဝင်ထိုင်တော့ လပ်တော့ပ် တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဦး ကို တွေ့ရပြီလေ..

ပျော်သွားတာ မျက်နှာအမူအရာတောင် မထိန်းနိုင်..။

" ဦး.. ဦး ပါ လိုက္လာတာလား "

" မင်း မမြင်ဘူးလား.. "

ကြည့်.. ဒီလောက် နွေးထွေးပျူ ငှာစွာ ကြိုဆိုပေးတော့ ကိုယ့်ကိုယ်ကိုတောင် ဘဝင်တွေခိုက်ပြီး ဂုဏ်တောင်ယူချင်လာသလိုလို..

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now