Part (13)

7.7K 255 11
                                        

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (13)

" ကျွန်မကို ချိန်းတာ ဘာပြောချင်လို့လဲ "

" ကျွန်မ နာမည်က ဖူးရတီချစ် ဆိုတာ မသန္တာ သိလောက်မှာပါ.."

" သိပါတယ် "

" ဒါဆို အထူးတလည် မိတ်ဆက်ပေးစရာလည်း မလိုတော့ဘူး ပေါ့.. "

" ဟုတ်ကဲ့.. ပြောစရာရှိတာသာ ပြောပါ "

" ဦး အပေါ် ခံစားချက် လေး ဘယ်လိုထားလဲ ဆိုတာ သိလို့ရမလား.. "

" ရှင် "

" ကျွန်မ ပွင့်ပွင့်လင်းလင်း မေးလိုက်တဲ့ အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားတယ် ဆိုရင် ကျွန်မဘက်က အနူးညွှတ် ပြန်တောင်းပါတယ် ..ကျွန်မက သိချင်ပြီဆိုရင် ဝေ့ပတ်မနေတတ်လို့ပါ စိတ်မရှိပါနဲ့ "

" စိတ်မရှိနဲ့လို့ ပိတ်လိုက်မှတော့ ကျွန်မက စိတ်ရှိလို့လည်း မရတော့ဘူးလေ.. ကျွန်မ အလွန် ဖြစ်လာတော့မှာကို "

" အဟင်း.. စိတ်ရှိလို့လည်း ရပါတယ် မပိတ်ပင်တော့ပါဘူး "

" ရပါတယ်.. စောနက အမေး သိပ်မရှင်းဘူး မင်း  ဦး လို့ ပြောလိုက်တယ် နော် ဘယ်သူ့ကို ရည်ညွန်း ပြောတာလဲ မင်း လို့ သုံးနှုန်းလိုက်တာလည်း စိတ်မဆိုးပါနဲ့.. ဒို့ထပ် ငယ်မယ် ထင်လို့ ပေါ့ပေါ့ပါးပါး စကားပြောရအောင် သုံးနှုန်းလိုက်တာပါ "

" အဟွန်း.. ရပါတယ် ဦး ဆိုတာက ဦးမာန်ဟုန်ကို ပြောတာပါ "

" အော် မာန်ဟုန် ကိုလား.. "

" ဟုတ်ကဲ့ "

" သူ့အပေါ် ခံစားချက် ဆိုတာက ဘယ်လို ခံစားချက် မျိုးကို အဓိက ထား မေးချင်တာလဲ.. "

" ဟုတ်သားပဲ.. ကျွန်မ ဒဲ့ ပဲ မေးလိုက်ပါ့မယ် "

" မေးပါ "

" ဦး ကို ကြိုက်နေလား.. "

သန္တာ ကော်ဖီခွက် သောက်ဖို့ ကိုင်နေတဲ့ လက်လေးတောင် ရပ်ပြီး ကော်ဖီခွက်နှုတ်ခမ်းမှာ လက်လေး ပွတ်သပ်ပြေးနေလိုက်သည်..

ချစ်ချစ် ကတော့ လက်ပိုက်ပြီး ရှေ့မှာထိုင်နေတဲ့ သန္တာကို စိုက်ကြည့်နေလိုက်သည်..

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now