Part (12)

8.4K 261 2
                                        

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (12)

" မာမီ.. ကြာဇံဟင်းခါး ချက်ထားတာလား "

" ဟုတ်ပါ့ရှင်.. "

" ရေး.... "

ထက်မြက် မနက်စာ စားဖို့ ခုံမှာ ဝင်ထိုင်တော့...

မီးဖိုခန်းမှာ အမ နား ခုန်ပေါက်နေတဲ့ လိမ်မာရေးခြား ရှိလှတဲ့ သိပ်ချစ်လှရတဲ့ ဗြဲစိန်မ ချစ်ချစ်..

ဆံပင်က ဘုတ်သိုက် မျက်နှာက ညစ်ညစ်ပတ်ပတ်နဲ့...။

" ဟာ..ဟဲ့ ဗြဲစိန်မ မျက်နှာရော သစ်ခဲ့ရဲ့လား "

" သစ်ရသေးဘူး "

" မသစ်သေးဘဲ အောက်ကို ဘာလို့ဆင်းလာတာလဲ.. "

" ကြာဇံ မြည်းမလို့ပေါ့.. "

" မျက်နှာ မသစ်ရသေးဘဲ မစားရဘူး ဆိုတာ နင်မသိဘူးလား.."

" စားရပါတယ် ဦးသေးရာ..ဟော ဒီမှာကြည့် စားလို့ရတယ် "

ပြောရင်း ကြာဇံကို ဇွန်းနဲ့ခပ်ပြီး ပါးစပ်က တဖူးဖူး မှုတ် သောက်လိုက်သေးသည်..

မပြောဘူးလား.. လူကြီး စကားဆို တသွေမတိမ်း လိုက်နာတဲ့ လူလိမ်မာမလေး ပါဆို..။

" နင့် ကိုယ်စောင့်နတ် တော့ မျက်နှာငယ်ရမှာ အသေအချာပဲ.. "

" ဘာဆိုင်လို့လဲ..  "

" အခုပဲ ကြည့် ရှစ်နာရီ ထိုးနေပြီ.. ကိုယ်စောင့်နတ် အစည်းဝေး မှာ မျက်နှာမသစ်ရ သွားမတိုက်ရဘဲ ညှင်းသိုးသိုး ကြီး သွားတက်ရမှာ.. သူတော့ ကဲ့ရဲ့ခံရတော့မှာ "

" သူ ကဲ့ရဲ့ ခံတာ ချစ်ချစ် မှ မကြားရတာ..အေးဆေး minor ပဲ no problem.. ok "

" ဘယ်လို ပြောမလဲ သိလား.."

" ပြောကြည့် ကြည့်လေ.. ရင်ထဲပေါ့သွားတာပေါ့ "

အံမယ်.. လာလာချည်သေး ။

" ဖူးရတီချစ် ရဲ့ ကိုယ်စောင့်နတ် က အမြဲ ညစ်ညစ်ပတ်ပတ်နဲ့ နော်.. အဲ့ ဖူးရတီချစ် ရဲ့ ကိုယ်စောင့်နတ် ဖြစ်ရတာ နတ်သိက္ခာ ကျတယ်တဲ့ တော်သေးတယ် ဖူးရတီချစ်ရဲ့ ကိုယ်စောင့်နတ် မဖြစ်ခဲ့ရလို့တဲ့.. "

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Donde viven las historias. Descúbrelo ahora