Part (16)

5.4K 216 1
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (16)

မာန်ဟုန် လက်မှတ် တွေ ထိုးပေးနေတုန်း ချစ်ချစ် ကို ကြည့်တော့ ခုံမှာ အိပ်တောင်ပျော်နေပြီ..။

ဘယ်လောက်တောင် အိပ်ချင်နေမှန်းမသိ.. ခဏလေးနဲ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ

ဒီလိုဖြစ်နေတာတောင် အခုချက်ချင်း အိမ်ကို ပြန်ဦးမယ် ဆိုပဲ..။

သူ အိပ်ငိုက်နေတာနဲ့တင် အိမ်ပြန်ရောက်ပါဦးမလား မသိ...

လက်မှတ်ထိုးပြီး ဦးထွန်းဆီ လာမကြိုဖို့ ဖုန်းဆက်ထားရသည်.. ။

လင်းခန့်ကို ချစ်ချစ် အစား ပြည်ဘက် ပြန်လွှတ်လိုက်ရတာမို့ ဦးထွန်းက လာကြိုပေးတော့မှာလေ..

ှချစ်ချစ်နဲ့ အတူတူ ပြန်လာမှာမို့ ပြောပြီး ဖုန်းချလိုက်ရသည် ။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံ ထောက်ရင် တန်းပြန်သွားလို့ မဖြစ်ပေမယ့် မိုးက ချုပ်တော့မမယ်..

မာန်ဟုန် သေချာ အကုန်သိမ်းပြီး ဖုန်းကို အတွင်းအကျီ င်္ အိတ်ကပ်ထဲ ထည့်လိုက်သည်..။

ပြီး အိတ်ယူပြီး ချစ်ချစ် နား သွားကာ နှိုးဖို့ လုပ်ပေမယ့်လည်း မနှိုးရက်..

ဘေးက သူ့အိတ်လေးကို ယူပြီး ကိုယ့်အိတ်နဲ့သူ့အိတ် တစ်ဖက်ထဲ စုကိုင်ပြီး သူမလေးကို ပွေ့ချီလိုက်ရသည်..။

တော်တော် သတိဝီရိယ နဲ့ ထားအိပ်တဲ့ပုံပဲ..

တုပ်တုပ်လေးတောင် မလှုပ်လာခဲ့.. ။

ကိုယ့်အိမ်ကိုယ့်ယာမှာတောင် မလုံခြုံတဲ့ခေတ်မှာ အခုလို သတိဝီရိယ ထားထားပြီး အိပ်တော့ ချီးတောင်ချီးကျူ းချင်လာပြီ..

သူမလေးကို ပွေ့ချီပြီး အခန်းထဲက ထွက်တော့ မျက်လုံး မနည်းမနော ကိုယ့်ဆီလာကပ်နေတာကို ခံစားရသည်..။

သို့သော် လှည့်ကြည့်မနေပါ.. ဂရုစိုက် မနေပါ ။

ဂရုစိုက် ပြရင် ပိုတောင် ရောင့်တက်လာကြတော့မှာမို့...

မာန်ဟုန် သူမကားနားမှာ သူမခြေထောက်ကနေ အသာချကာ သူ့ကိုယ်ကို ဖက်ထိန်းထားရသည်..။

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now