Part (8)

5.3K 255 1
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (8)

ဟူး....

ဒီနေ့ မာန်ဟုန် စိတ်တွေ အရမ်းပေါ့ပါး လန်းဆန်းနေသည်..။

မြေခွေးမလေးကို လိုက်ပို့တဲ့ ခရီးစဉ်လေး ပြီးဆုံးသွားခဲ့ပြီ ။

တာဝန် မရှိတော့လို့ လား မသိဘူး တော်တော် လေးကို စိတ်ပင်ပန်းမှု မရှိတာပါ..

" အား..ဒီနေ့ နေရကောင်းလ.."

" ဦးရေ... "

မာန်ဟုန် မျက်မှောင်ကြုတ်မိသည်..

နားကြားမှားတာ များလား.. ဟုတ်လောက်ပါတယ် နားကြားမှားတာ ဟုတ်တယ်

" ဦး.. အခုမှ ထ တာလား ထ ထ "

ဆုတောင်း လွဲပြီ.. မာန်ဟုန် ရေ ။

" ဘာကြောင်ကြည့်နေတာလဲ ဦးရဲ့..ဦး မိန်းမ လောင်းလျာလေးမှ ဦးမိန်းမ လောင်းလျာ စစ်စစ် ရေမရောဘူး ထတော့ "

" မင်း ဘာလာလုပ်တာလဲ "

" ဦး နဲ့ မနက်စာ စားဖို့ ရောက်လာတာ.."

" မင်းအိမ်မှာ မစားရဘူးလား.. ဘာကိစ္စ ငါ့အိမ်လာစားရတာလဲ "

မနက်စောစောစီးစီး အိမ်ကို ရောက်ချလာတာရဲ့ အကြောင်းရင်းက ထမင်းအတူ စားဖို့တဲ့..။

အံ့သြဘ ချစ်ချစ် ရေ.. အံ့သြဘ ။

" အိမ်မှာ စားလို့ ရပါတယ်.. ချစ်ချစ် ခင်ပွန်းလောင်းက တစ်ယောက် ထဲ စားရမယ်လို့ တွေးမိတော့ နှလုံးသား က ဒီသွားလိုက်ပါတဲ့.. အာ့နဲ့ နှလုံးသား စေရာ ကို လာလိုက်ရတာပါရှင့် "

ခွေးမလေး.. ကျောင်းမှာ အချစ်ပညာရပ် သင်ခန်းစာ ပါ သင်နေရတာလား မသိဘူး..။

ဘယ်ကနေ ဘယ်လို စကားတွေ အဲ့လောက် တတ်နေမှန်းကို မသိဘူး..။

" ကဲပါ ဦးရယ်.. ထတော့ ချစ်ချစ် စောင့်နေမယ် ပြင်ဆင်ပြီး လာခဲ့ "

" အင်း..အင်း "

မာန်ဟုန် ရေချိုးခန်းဘက် ဝင်ခဲ့လိုက်သည်..

ချစ်ချစ် ဦး ခြုံထားတဲ့ စောင် ခေါက်ပြီး ခေါင်းအုံးကို သေချာလေး ဖြန့်ထားပေးလိုက်သည် ။

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now