Part (24)

5.4K 222 0
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (24)

" ဘယ်လိုဝင်ရင် ကောင်းမလဲ.. "

မင်းသန့် ဦးရဲခေါင် အိမ်နားတစ်ဝိုက်မှာ တောင်လျှောက်မြောက်လျှောက် လုပ်နေမိသည်..။

ဦးရဲခေါင် အိမ်မှာ နဂိုကမှ အစောင့်အကြပ်က ရှိတာ..

မင်းသန့် အတွေးတွေကြား မောပန်းရင်း ချွေးတောင် ပြန်လာရသည် ။

မင်းသန့် တွေးရင်း ခေါင်းကို လှည့်လိုက်တော့ တလှုပ်လှုပ် လာနေတာ..

အနီးကပ်လာလေ ပိုသေချာလေ.. ဂြိုလ်သားမ မှ ဂြိုလ်သားမ စစ်စစ် ။

မင်းသန့် ဂြိုလ်သားမ ဆီ အပြေးသွားရသည်..

ရတနာ လမ်းလျှောက် နေတာ ရှေ့က ရုတ်တရက် လူတစ်ယောက် ရောက်လာတော့ လန့်တောင်လန့်သွားရသည် ။

" ဟာဗျာ.. သေတော့မှာပဲ လန့်ပြီး "

" မင်း ဒီနား ဘာလာလုပ်တာလဲ "

" ကျွန်မဘာသာ ဘာလာလုပ်လုပ် ခင်ဗျားအပူ ပါလား.. "

" ငါ့အပူတော့ မဟုတ်ပေမယ့် ငါ အခုဖြစ်နေတဲ့ အပူကို မင်းငြိမ်းပေးပါလား "

" ဘာလား.. "

" လာခဲ့ ငါပြမယ်.. "

မင်းသန့် ဂြိုလ်သားမ ကို ဆွဲခေါ်ပြီး ဦးရဲခေါင် အိမ် လှမ်းပြရသည်..

" မြင်လား.. "

" မျက်လုံး ပါတာပဲ မြင်တာပေါ့.. "

တောက်.. တော်တော် စကား အပေါက်လမ်းမတည့်တာ ။

စိတ်ရှိတိုင်းသာဆို အခုလို ခယမနေဘူး..

ပစ်ထားလိုက်တာ ကြာပြီ ။

အခုက မဖြစ်လို့သာ ငြိမ်နေရတာ.. သိပ်ကျေနပ်နေလို့ မထင်နဲ့..

" မင်း သတင်း မယူချင်ဘူးလား.. "

" အဲ့အိမ်နဲ့ ဘာဆိုင်လဲ "

" ညံ့ပါ့ကွာ .. အဲ့အိမ်နဲ့ ဆိုင်လို့ မင်းကို ငါပြနေပါရော "

" လူကို လာမနှိမ်နဲ့.. "

" အေးပါ.. မနှိမ်ပါဘူး အခု အဲ့အိမ်ထဲ ငါဝင်ချင်တယ် "

" ဝင်တာများ ဝင်သွားလိုက်ပေါ့.. "

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now