Part (25)

6.1K 222 1
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (25)

" အင်း.. "

ချစ်ချစ် ကိုယ်လေးလှုပ်ပြီး တွန့်နိုးလာသည်..။

ကိုယ်ရုန်းချင်စရာ ကိုယ်နိုးထချင်သလို အကြောဆန့် တွန့်လိမ်ပြီး နိုးထမရ တော့ စိတ်ထဲ ထစ်သွားသည်..

ကိုယ်ပေါ်လည်း တစ်ခုခု လေးလံနေသလိုပါ..။

မျက်လုံး မဖွင့်သေးဘဲ ကိုယ်လေး အသာလှုပ်နေမိသည်..

စိတ်ရှိတိုင်း လှုပ်မရတော့ ချစ်ချစ် မျက်လုံး ဖွင့် ကြည့်မိတော့ ဦး ကို တွေ့ပြီ ။

လန့်ပြီး အပြင်ဘက်တွေလည်း ဦးရင်ခွင်ထဲ နေရင်း လျှောက်ကြည့်မိသည်..

လင်းထင်းနေတုန်းမို့ ညတော့မဟုတ်တာ သေချာသည်

ချစ်ချစ် ဦး ရင်ခွင် ကို ကျောပေးထားနေရင်းမှ ဦးရင်ခွင် ထဲ မျက်နှာအပ်လိုက်သည်..

ချောမောနေတဲ့ ဦး မျက်နှာလေးကို ချစ်ချစ် လက်လေးနဲ့လည်း ထိချင်သည်..ထိလည်းမထိရက် နိုးသွားမှာလည်း စိုးသည် ။

ဦး မျက်နှာကို ထိပြီး မစမ်းပေမယ့် ဦး မျက်နှာ ပေါ် လက်လေး အသာပြေးနေမိသည်

ဦး မျက်ခုံး မျက်တောင် နှာခေါင်း ပါးရိုး နှုတ်ခမ်းပေါ် မထိဘဲ လက်လေးက နည်းနည်း လေး ခွာပြီး ထိကြည့်မိသည်..။

" ပြီးဦးမှာလား.. "

" ဟင် "

ဦး က ချစ်ချစ် လက်ကိုဖမ်းပြီး မျက်လုံး ပိတ်မေးနေတော့ ချစ်ချစ် လန့်သွားရသည်..

ချစ်ချစ် ကြောင်ပြီး ဦးကို ကြည့်နေတော့ အသာလေး မျက်လုံး ဖွင့်လာသည် ။

" ပြီးဦးမှာလား.. "

" ဘာကိုလဲ "

ချစ်ချစ် လက်ကို ဆွဲကိုင်ပြီး မေးတော့ ချစ်ချစ် မျက်လုံး လေး ဘေးပို့ရင်း ပြန်မေးလိုက်သည်..

" ဒီကိုကြည့်.. "

မာန်ဟုန် ချစ်ချစ် မေးကို အသာဖိကပ်ကိုင်ပြီး ကိုယ့်ဘက်လှည့်တော့ မျက်လုံး လေးက ကိုယ့်ကို ကြည့်လာတော့ ပြုံးမိသည်..။

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now