Extra

10.5K 318 17
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Extra..

" ဦး.. "

မာန်ဟုန် လှေကားကနေ ဆင်းလာချင်းချင်း ပြေးဝင်လာပြီး ခါးကို တင်းကြပ်နေအောင် ဖက်ထားတဲ့ လက်တောက်..

ချစ်နေရသူမို့ မငြို ငြင်ကာ ပြန်လည် ဖက်ထားလိုက်သည် ။

" မင်းတို့ပဲ ရှိတာ မဟုတ်ဘူးနော်.. ဘေးလူတွေလည်း သတိရကြဦး "

အိမ်ထဲဝင်လာရင်း စူပုတ်ပုတ်လေး ပြောကာ ဧည့်ခန်းဘက် ဝင်သွားတဲ့ မင်းသန့် ကြောင့် မာန်ဟုန် ရော ချစ်ချစ် ပါ ရယ်မိကြသည်..။

" ဘယ်လိုလူမှန်းကို မသိဘူး..စောင့်ပါဦးဆို သူ့ခြေလှမ်းကြီး နဲ့ သွားနေလိုက်တာ "

မမရတနာ က ဒေါသံလေးနဲ့ အိမ်ထဲဝင်လာကာ ဦးမင်းနား သွားထိုင်တော့ ချစ်ချစ် ရော ဦး ပါ ဧည့်ခန်းကို သွားရသည် ။

" ဘာဖြစ်လာတာလဲ မမ "

" ဘာဖြစ်ရမှာလဲ.. အိမ်ကို အတူတူလာဖို့ အတူတူသွားမယ် ဆိုတာက ရှေ့ကနေခြေလှမ်းကျဲ ကြီးနဲ့ လျှောက်သွားတာလေ "

" မင်းဘာသာမင်း မလိုက်တာလေ.. "

" လိုက်နိုင်အောင်ရော ဘယ်သူကသွားလဲ "

" လိုက်နိုင်အောင် လိုက်လည်း ရတယ် "

ခ်ခ်..

ချစ်ချစ် ရယ်မိသည်..။

နှစ်ယောက်သားက နီးစပ်နေကြပေမယ့် အခုထိ ရန်တကျက်ကျက်..

မဖြစ်ကြတဲ့နေ့ဆိုတာလည်း မရှိ..။

ရည်းစားဖြစ်နေကြပြီဆိုတော့လည်း မဟုတ်ဘူး..  အခုထိ ခင်မင်မှု အဆင့်ထိပဲတဲ့..။

သူတို့ပြောတော့ သူတို့စကားပေါ့..

ဘေးကလူတွေကတော့ အကုန်မြင်နေရသည်လေ ။

ညနေ တစ်ခါတစ်လေမှာ အခုလို လူစုပြီး ဒီလိုပဲ ဆုံဖြစ်ပါသည်..

ချစ်ချစ် နဲ့ ဦး ကတော့ အမြဲနေရပေမယ့် ဦးသေးနဲ့ ဦးမင်း ကျ သူတို့သက်ဆိုင်သူနဲ့ သူတို့ ဆိုတော့ မဆုံဖြစ် ။

" ထက်မြက်ရော.. "

" မလာသေးဘူး "

" တပည့်သွားလုပ်နေလို့ နေမယ်..သူ့ဆရာမနား "

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now