နှလုံးသား ပိုင်ရှင်မို့
🌸pann
Part (14)
" ဦး တကယ် ချစ်ချစ် လိုက်ပို့မှာလား.. "
" ငါ့ကား လင်းခန့် မောင်းသွားတာ မမြင်ဘူးလား.."
" ခ်ခ်.. မြင်တယ်လေ "
ဒီနေ့ ရက်ရာဇာ နေ့ ထင်တယ်.. တော်တော် ကောင်းမွန်တဲ့ နေ့လေးတစ်နေ့ပဲ ။
ချစ်ချစ် အရမ်း အရမ်းကို ပျော်နေမိသည်..
" သွားမယ်လေ.. "
" ဟင်.. အင်း "
ချစ်ချစ် ဦး လက်မောင်းကို ကိုင်ပြီး ချစ်ချစ် ကားနား လမ်းလျှောက် ခဲ့ကြသည်..။
ဦးက သူကိုယ်တိုင် ပဲ ကားတံခါးလေး ဖွင့်ပေးတော့ ချစ်ချစ် အပျော်တွေ တပွေ့တပိုက် နဲ့ ဝင်ထိုင်မိသည်..
ဦးက ကားကို ပတ်လျှောက်ပြီး ချစ်ချစ် ဘေးနားမှာ လာထိုင်တဲ့ထိ ချစ်ချစ် ကြည့်နေမိသည်..
ဦးက ချစ်ချစ် ဘေးမှာ ဝင်ထိုင်ပြီး ခါးပတ်ပတ်ကာ လက်ပိုက်ထိုင်နေတော့ နည်းနည်းတော့ လွဲနေသလိုလို ရယ်ပါ...။
ဒါပေမယ့် ဘာလွဲနေလို့ လွဲနေမှန်း ချစ်ချစ် သတိမထားမိသေး...
ဦး ပြောမှ ချစ်ချစ် ဘာလွဲနေမှန်း သိတော့သည်..။
" မမောင်းသေးဘူးလား.. ဘာထိုင်လုပ်နေတာလဲ "
" ဟင်.. "
ဦး ပြောမှ ချစ်ချစ် ရှေ့ကို ကြည့်တော့.. ကားစီယာတိုင်က အခန့်သား..
" ဦး လိုက်ပို့မှာဆို.. "
" အခုလည်း လိုက်နေတာပဲ.. "
" မဟုတ်ဘူး လေ.. ဦး မောင်းပို့မှာ မဟုတ်ဘူး လား "
" ငါ မောင်းပို့ပါမယ်လို့ရော မင်းကို ပြောမိလား.."
" မပြောဘူး "
" အာ့ဆိုလည်း မောင်းတော့.. "
" ချစ်ချစ် ခြေထောက် နာနေတာကို.. "
" ဘရိတ်နဲ့ လီဗာ မနင်းနိုင်ရလောက်အောင်တော့ မဖြစ်ဘူးမလား.. "
ဟွန့်.. ရက်ရာဇာ တောင် တဝက်တပျက် ကြီး ။
အရမ်းကို စေတနာ ဗလပွ ပေးနေတော့ ချစ်ချစ် အားတောင် နာလာပြီ..
YOU ARE READING
နှလုံးသား ပိုင်ရှင်မို့ ( Unicode)
Romance" ကလေးက ကလေးလို နေစမ်း ချစ်ချစ်.. မင်းနဲ့ လိုက်ကစား နေဖို့ ငါ့မှာအချိန်မရှိဘူး မင်းလို ကလေးတစ်ယောက် က ငါ့ကို ကာကွယ် ပေးမယ် ဆိုပဲ.. မင်းလို မိန်းကလေး တစ်ယောက် က ငါ့ကို ကာကွယ် နိုင်မှာလား ငါ့ကို ကာကွယ်နိုင်ဖို့ မင်းမှာ ဘာ အရည်အချင်း ရှိလဲ.." " ဟုတ်တယ်...
