Part (7)

8.5K 329 4
                                        

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (7)

" ဦးရေ.. ဦး "

ဘယ်အရပ်ကနေ အော်နေမှန်း မသိပေမယ့် အသံကတော့ အရင်ကြားနေရပြီ..

" အော်..ဦးက ဒီမှာလား "

" အင်း "

" ဦး.. ဦးကို ပြောစရာရှိလို့ လာတာ "

" ပြောစရာ မရှိလည်း ရောက်လာတာပဲ..အဆန်းလုပ်လို့ "

" ဒါကတော့ ချစ်ရသူက ဦးမျက်နှာလေး မတွေ့ရရင် မနေနိုင်တာကို ဦးရဲ့.. နေ့တိုင်း မလာရအောင် ဦး ခေါင်းဖြုတ်ပေးလိုက်ပါလား ဒါဆို ချစ်ချစ် လာတွေ့စရာ မလိုတော့ဘူး "

" တော်လိုက်တဲ့ ဉာဏ် ကြီးရှင်ပဲ..ဟမ် "

" ချီးကျ ူ းပေးတဲ့အတွက် ကျေးဇူးပါ "

ရင်ဘတ်ပေါ် လက်လေးတင်ရင်း ဝတ်ထားတဲ့ဒူးကျဂါဝန်စလေး ကိုင်ပြီး ဒူးညွှတ်ပြောနေလေရဲ့..

အမျိုးမျိုး တတ်လည်း တတ်နိုင်တယ် ။

ဘယ့်နှယ့် သူလာမတွေ့ရအောင်ဘဲ ကိုယ့်ခေါင်းဖြုတ်ပြီး သူ့ကိုပဲ ပေးလိုက်ရမလိုလို..

ခေါင်း တစ်ခုထဲ တောင်းတာဆိုပေမယ့် ကိုယ့်အသက်ပါ အပ်နှင်းလိုက်ရမှာကျ ထည့်မပြောဘူး..။

" အခု ဘာကိစ္စနဲ့ လာတာလဲ.."

" ဦးကို ပြောစရာ ရှိလို့.. "

" ဘာလဲ "

" ချစ်ချစ် မနက်ဖြန် စာမေးပွဲ စပြီ.. "

" အာ့ကို စာမကျက်ဘဲ ဘာလာလုပ်တာလဲ.."

" အခုလို ဝမ်းပန်းတသာ ကြိုဆိုပေးလို့ ချစ်ချစ် အရမ်းပျော်တာပဲ "

" ... "

" ဦး "

" အင်း "

" ချစ်ချစ်ကို စာမေးပွဲ ဖြေရက် ခြောက်ရက်လုံး လိုက်ပို့ပေး.."

" ငါအလုပ် မအ... "

" မအားလည်း နာရီပိုင်းပဲကို ဦးရာ..ချစ်ချစ် ကို လိုက်ပို့ရင် အလွန်ဆုံးရှိ နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ပဲ ဦး အချိန်ကုန်မှာပါ..နော် "

" ... "

" နော်လို့.. "

" ... "

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Место, где живут истории. Откройте их для себя