Part (17)

5.4K 225 5
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (17)

" လာ.. "

ကားပေါ်က ဆင်းဆင်းချင်း ဦးက တံတောင်လေးကွေးကာ ချစ်ချစ် ကို ပေးတော့ ချစ်ချစ် ပခုံးလေးကျုံ့ တစ်ခစ်ခစ် ရယ်ပြီး ဦး လက်ကို ချိတ်လိုက်သည်..။

ပျော်ပါသည်...

ဦး.. ချစ်ချစ် အရမ်းပျော်တာပဲ ။

ချစ်ချစ် နဲ့ ဦး ခန်းမ တွင်းထဲ အတူ ဝင်လိုက်သည်..

" မာန်ဟုန် "

" အော်.. ဦးဇော် "

ဦး တို့ လက်ဆွဲနှုတ်ဆက်ကြပြီး ချစ်ချစ် ဆီ လှည့်လာပြီ..။

" ဒီတစ်ယောက် က မာန်ဟုန် ကောင်မလေး လား.. ဘယ်လိုလဲ ပွဲထုတ်တာလား  "

" ဟာ လုပ်ပြီ.. မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့ ရှယ်ယာရှင် တစ်ဦး ပါ "

ဦး ကလည်း ပြန်ရှင်းပြနေသေးတယ် ။

ရူးပါ့...

" အာ့ဆို so sorry သမီးရေ.. ဦးက မာန်ဟုန် ကောင်မလေး မှတ်လို့ "

" ဟင်း.. "

ခေါင်းညိမ့်လိုက်ချင်တာ.. အူကို ယားလို့ ။

လက်တွေ့မှာ ပြုံးနေရတာပဲ ရှိတယ်...

" ဦးဇော်ရော တစ်ယောက် ထဲလား "

" မဟုတ်ဘူး သမီး ပါတယ်.. ပွဲထဲ ဘယ်ရောက်နေမှန်း မသိလို့ လိုက်ရှာနေတာ "

" အော်... "

" ဦးဇော် ကို ကူရှာပေးပါလား.. "

အမလေး.. ဦး က ရှာပေးရဦးမယ် ဆိုပဲ ။

ဆုတောင်းလေ..

" အာ့.. "

" ချစ်ချစ် ဘာဖြစ်လို့လဲ.. "

" ချစ်..ချစ်ချစ် ဗိုက်.. ဗိုက်အောင့်လာလို့ "

ချစ်ချစ် က စောနက အကောင်း..

အခု ထ ဗိုက်အောင့်လို့ တဲ့ ။

ဒီကောင်မလေး ဘာတွေ စားထားလို့လဲ.. ဗိုက်ကို ဖိပြီး မာန်ဟုန့် လက်ကို သူမ အားနဲ့ ဖိကိုင်ထားတော့ တကယ်နေမယ်..

" အာ့.. နာတယ် ဦး.. "

ဦး က မတုန်မလှုပ်နဲ့ လူကို ပေါက်ထွက်မတတ် ကြည့်နေတော့ ချစ်ချစ် ထပ် အသံပေးရသည်..

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now