Part (15)

5.4K 231 3
                                    

နှလုံးသား ပိုင်ရှင်မို့

🌸pann

Part (15)

" ဦးမင်း ပြောပြပါဆို သူက အင်တင်တင် လုပ်နေသေးတယ်.. "

" ငါ မသိပါဘူး ဆိုဟာ.. "

" ဦးသေးနဲ့ ဦးမင်းက ပိုတွဲဖြစ်တာ များတယ် လေ.. ဒါတောင် မသိဘူးဆိုတာ ဖြစ်နိုင်မလား "

" ဖြစ်နိုင်တယ်.. ဖြစ်နိုင်လို့ အခု ငါ ဘာမှမသိတာ မဟုတ်လား "

" ဦးမင်း.. ပြောပြမလား မပြောပြဘူးလား "

" ရစ်တယ်ဟာ "

" ဦးမင်း "

" ဟာ ဒီလို နားပူမှန်းသိရင် နင်ချိန်းကတည်းက ငါ ငြင်းလိုက်သင့်တာ.. "

" အခု မရတော့ဘူး.. နောက်ကျ သွားပြီ "

" သိတယ် "

" ပြောပါ ဦးမင်းရယ်.. နော် "

" နင့်ဦးလေးတောင် မပြောပြတာ နင်က ဘာသိချင်နေတာလဲ.. "

" စျေးဆစ်နေလိုက်တာဗျာ.. ဦးမင်း ပြောပြလည်း ရနေတာကို "

" ဦးသေး ကောင်မလေး နာမည် နဲ့ အကြောင်းအရာ နည်းနည်းလေး ပြောတာ ဘာမှမဖြစ်ပါဘူး.. ဦးမင်း ရာ "

" နင်က ဘာလုပ်မလို့လဲ.. "

" အကောင်း လုပ်ပေးမှာပါ.. ဘာမှ မဖျက်စီးဘူး"

" ဟူး.. မောတယ် မောတယ် "

" မမောပါဘူး ဦးမင်းရာ.. နော် ပြောပြပါ "

" လဲ့လဲ့မွန် ကျောင်းဆရာမ ထက်မြက် နဲ့ ရွယ်တူပဲ.. အခု နယ်မှာတာဝန်ကျနေတာပဲ သိတယ် ဘယ်မြို့ဘယ်ဒေသမှာလည်း ဆိုတာတော့ မသိလိုက်ရဘူး တစ်ဦးတည်းသော သမီး ကဲ.. ဘာသိချင်သေးလဲ "

" သူ့ပုံရှိလား.. "

" ရှာကြည့်ရမှာ "

" ရှာကြည့်ပြီး တွေ့ရင် ချစ်ချစ် ကို ပေးနော်.. "

" အင်း "

ခ်ခ်.. နောက်ဆုံးတော့ အစ ဆွဲမိပြီ ။

.

" သူဋ္ဌေး.. "

" ဘာဖြစ်တာလဲ လင်းခန့်.. ရေးကြီးသုတ်ပြာနဲ့ "

" ပြည်က ရုံးခွဲ မီးလောင်လို့တဲ့ဗျ.. "

" ဟင်.. များလား "

နှလုံးသား ပိုင်ရှင်မို့ ( Unicode)Where stories live. Discover now