Part-1

17.1K 870 46
                                    

#Zawgyi

မည်းမှောင်နေတဲ့ကောင်းကင်နဲ့အတူလိုက်ဖက်စွာမိုး
ပေါက်တွေကလဲသည်းထန်စွာရွာသွန်းနေကြလေသည်။
လေပြင်းတွေလဲတိုက်နေပြီးတော့ သစ်ပင်တွေကလဲ
တရှဲရှဲနဲ့အော်မြည်နေကာ ညကိုပိုပြီးတော့ အကြည်းတန်
နေစေလေသည်။
မိုးချိန်းသံအကျယ်ကြီးနဲ့အတူ လင်းခနဲလက်သွားတဲ့
လျှပ်စီးကြောင့် အခန်းအကျယ်ကြီးရဲ့ ထောင့်တစ်ထောင့်မှာကုပ်ကုပ်လေးထိုင်နေတဲ့ 17နှစ်
အရွယ်ကောင်လေးတစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ ဓားသေးသေးကလဲတစ်ချက်လင်းလက်သွား တော့သည်။

ပိတ်မထားတဲ့ပြတင်းပေါက်ဆီကနေမိုးရေစက်တို့ကလဲ
အခန်းထဲကိုတဖွဲဖွဲဝင်ရောက်ကာအခန်းကိုစိုရွှဲစေလေ
သည်။
TV ကိုလဲအသံအကျယ်ကြီးဖွင့်ထားတာမလို့ မိုးသံတွေ
နဲ့ TV ကလာတဲ့အသံတွေကရောထွေးပြီးတော့အခန်း
တွင်းမှာဆူညံနေတော့သည်။
အဲ့ဒီ့ဆူညံနေတဲ့အသံတွေကိုအာရုံမစိုက်တဲ့ကောင်လေးရဲ့မျက်လုံးတွေကတော့ သူ့လက်ကောက်ဝတ်ပေါ်မှာဘဲ
ရှိနေသည်။
တစ်စုံတစ်ခုကိုသေသေချာချာလေးလေးနက်နက်စဉ်းစားနေတဲ့ပုံပေါ်တဲ့သူကခဏအကြာမှာတော့တစ်ခုခု
ဆုံးဖြတ်လိုက်တဲ့ပုံနဲ့ သက်ပြင်းချလိုက်လေသည်။

ငွေရောင်လက်နေတဲ့ဓားအသေးလေးကို သူ့လက်ပေါ်
တင်လိုက်တဲ့အချိန်မှာဘဲ TV ကလာတဲ့အသံကြောင့်
သူ့လက်တွေကလေထဲမှာရပ်တန့်သွားတော့လေသည်

" I want you to be your light, baby
You should be your light……"

သူ့မျက်လုံးတွေကို TV ဖန်သားပြင်ပေါ်ပို့လိုက်မိတော့
သီချင်းဆိုနေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရ
သည်။အဲ့ဒီ့ကောင်လေးမျက်နှာကပြုံးပျော်နေတာဘဲ။သူ့ကိုကြည့်ရတာတကယ်ကိုပျော်ရွှင်နေတဲ့ပုံရတယ်။
မျက်လုံးလေးတွေကလဲသီချင်းဆိုနေရင်းပြုံးလိုက်တိုင်းမှာပျောက်ပျောက်သွားတတ်တယ်။
သူအနီးကပ်မြင်ရအောင်လို့TVနားကိုပိုပြီးကပ်သွား
လိုက်တယ်။

"တစ်နေ့မှာဘယ်နှကြိမ်လောက်ဘဲဖြစ်ဖြစ်…
တစ်ယောက်ထဲလို့ခံစားနေရင်တောင် မင်းကိုယ်မင်းမစွန့်
လွှတ်လိုက်ပါနဲ့ အခုဒီမှာခဏလောက်ရပ်တန့်ပြီး…
လက်သန်းလေးတွေကိုချိတ်ပြီးတော့ အခုငါ့ကိုကတိပေး
ပါ……"

" My boyfriend is my fanboy " (Complete)Where stories live. Discover now