{Taegi}

4.1K 446 5
                                    

#Zawgyi

" Park Jimin ဒါမင်းဖုန်းလား ? "

ကတောင်* ဆိုတဲ့ noti မြည်သံနဲ့အတူလင်းလာတဲ့
ကားကူရှင်ပေါ်က ကာဗာအပြာရောင်လေးနဲ့ ဖုန်းက Jimin ရဲ့ဖုန်းမဟုတ်မှန်းသိပေမယ့် သေချာအောင်လို့ Suga မေးကြည့်လိုက်သည်။
Jimin တစ်ချက်ကြည့်လိုက်ပြီးကာမှ

" ဟင် မဟုတ်ပါဘူး "  ဟုဆိုလေသည်။

" ဟင်အဲ့တာဆို Jungkook ဖုန်းများလား ?"

Jungkook ဆိုတဲ့အသံကြားတာနဲ့ တစ်ချက်တုန်သွား
ကာ မျက်လုံးတွေကဂနာမငြိမ်ဖြစ်သွားတဲ့ Jimin ကို
Suga သတိထားလိုက်မိသည်။
သူတို့နှစ်ယောက်တစ်ခုခုဖြစ်ထားကြတာသေချာလေ
သည်။ အပြန်လမ်းတစ်လျောက်လုံး စကားသိပ်များပါ
တယ်ဆိုတဲ့ Park Jimin ကငြိမ်လိုက်လာသလို Jungkook ကလဲတစ်လမ်းလုံး Jimin ကိုအရိပ်တကြည့်ကြည့်နဲ့မလို့ရန်များဖြစ်ထားကြသလားလို့သူတွေးလိုက်မိပေမယ့်သူတို့နှစ်ယောက်လုံးက
ဲအရွယ်ရောက်ပြီးသားသူတွေမလို့သူတို့ပြဿနာကိုသူ
တို့ကိုယ်တိုင်ဘဲရှင်းလိမ့်မယ်ဆိုပြီးသူဘာမှမေးမြန်းမနေ
တော့ပေ တကယ်လို့သူ့အကူအညီလိုလာခဲ့ရင်တော့ Jimin ကသူ့ကိုဖွင့်ပြောပြီးတော့တိုင်ပင်လိမ့်မယ်။ အခုတော့မသိချင်ယောင်ဆောင်ထားတာဘဲကောင်း
တယ်။

ဖုန်းပါဝါခုလုပ်ကိုဖွင့်ကြည့်လိုက်တော့မှ Jungkook ရဲ့
ဖုန်းမဟုတ်မှန်းသိတော့သည်။
ဟိုအာလူးကြော်ကောင်လေးရဲ့ဖုန်းဘဲ Lockscreen ကိုသူ့ရဲ့လက်နှစ်ချောင်းထောင် selca ပုံကြီးထား ထား
တာကကြောင်တောင်တောင်နိုင်နေလေသည်။
ခုနကဆင်းသွားတုန်းက ကျန်ခဲ့တာဖြစ်မယ် နမော်နမဲ့နဲ့

" ဒါ Taehyung ဆိုတဲ့ကောင်လေးရဲ့ဖုန်းထင်တယ် "

ကားမှန်အပြင်ဘက်ကိုစိတ်လွင့်နေသလိုမျိုးငေးနေကာ သူစကားပြောလိုက်ကာမှအသိစိတ်ပြန်ဝင်လာသလို
Jimin သူ့ကိုလှည့်ကြည့်လာတယ်။

" ဟင် အာဟုတ်လားအဲ့တာဆို hyung ဘဲပြန်ပေး
လိုက်တော့နော်ကျွန်တော်အပေါ်တက်ပြီးနားတော့မယ်"

" အင်းကောင်းကောင်းနားလိုက် မနက်ဖြန်ညနေပွဲရှိတာ
မေ့မနေနဲ့နော် "

ကားပေါ်ကဆင်းသွားတဲ့ Jimin ကိုသူလှမ်းသတိပေး
လိုက်တော့ခေါင်းပြန်ငြိမ့်ပြကာ

" My boyfriend is my fanboy " (Complete)Where stories live. Discover now