Part-8🚨

6.2K 621 8
                                    

#Zawgyi

အိမ်မက်မက်နေရာကနေလန့်နိုးလာတော့ သူ့တစ်ကိုယ်
လုံးချွေးတွေနဲ့ရွှဲနစ်နေလေသည်။ မှောင်မိုက်နေကာဘာ
ဆိုဘာမှမမြင်ရတာမလို့ ကုတင်ဘေးကမီးအိမ်ကိုဖွင့်
လိုက်တော့မျက်လုံးတွေကအလင်းရောင်ကိုအသားမကျ
စွာ အလိုလိုမှိတ်လိုက်မိသည်။
စားပွဲပုလေးပေါ်မှာတင်ထားတဲ့နာရီကိုလှမ်းကြည့်
လိုက်တော့ မနက်၎နာရီဘဲရှိသေးတာကိုတွေ့ရတာမလို့
Jimin သက်ပြင်းတိုးတိုးလေးချလိုက်မိသည်။

ဒီ နှစ်လအတွင်းမှာ ဒီလိုအိမ်မက်မျိုးမက်တာ ဘယ်နှခါရှိ
နေပြီလဲ တိတိကျကျပြောရမယ်ဆိုရင်သူတို့ Jeju ကျွန်း
ကပြန်လာတဲ့အချိန်ကစခဲ့တာဘဲ။
Jungkook သူ့တိုက်ခန်းကိုရုတ်တရက်ကြီးရောက်ချ
လာပြီးတော့ သူ Jungkook ရဲ့ရင်ခွင်ထဲမှာငိုခဲ့တဲ့နေ့
ကပထမဆုံးဒီလိုအိမ်မက်ကိုစမက်ခဲ့တာဘဲ
အဲ့ဒီ့နေ့တုန်းကသူအားရပါးရငိုချလိုက်လို့လားဘဲ ခံစား
နေရတာတွေကတော်တော်သက်သာသွားခဲ့တယ်။
ငိုတုန်းကတော့သူ့ကိုအတင်းတွေဖက်ပြီးငိုခဲ့ပေမယ့်
နောက်ကျမှပြန်တွေးလေရှက်လေဘဲ။ ဘယ့်နှယ့်အရွယ်
ရောက်ပြီးသားယောကျာ်းလေးတစ်ယောက်က သူ့ထက်
ငယ်တဲ့ကောင်လေးတစ်ယောက်ရဲ့လည်ပင်းကိုအတင်း
တွေဖက် သူ့အကျီ င်္ကိုနှပ်တွေနဲ့သုတ်ပြီးတော့အော်ဟစ်
ငိုခဲ့တယ်တဲ့လူကြားလို့မှမကောင်း။
နောက်နေ့တွေမှာ သူ Jungkook ကိုမျက်နှာချင်းဆိုင်
ဖို့ရှက်နေခဲ့ပေမယ့် Jungkook ကတော့အဲ့နေ့ညက
အကြောင်းကိုဘာမှပြန်မပြောတဲ့အပြင် Jeju ကျွန်းတုန်း
ကဖြစ်ခဲ့တဲ့အကြောင်းကိုလဲဘာတစ်ခွန်းမှမပြောပေ။
နှစ်လတောင်ကြာခဲ့ပေမယ့်ဘာမှမပြောတော့တဲ့အတွက်
သူတကယ်ဘဲအဲ့ဒီ့အကြောင်းတွေကိုမေ့နိုင်ခဲ့ပြီထင်
တယ်။ မေ့ဖို့ပြောခဲ့တာကသူဖြစ်ပေမယ့်တကယ်တမ်း
Jumgkook ကအဲ့အကြောင်းတွေကိုမေ့နိုင်သွားတော့
လဲဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိဖြစ်နေမိတာလဲသူဘဲ။ သူ့ကိုယ်သူလဲဘာဖြစ်နေမှန်းကိုမသိတော့ပေ
Jungkook ကတော့အရင်အတိုင်းဘဲဘာမှမပြောင်း
လဲပေ ပုံမှန်အတိုင်းသူ့ဆီကို massage တွေအမြဲ
မှန်မှန်ပို့နေသလိုသူ့ပွဲတွေတိုင်းမှာလဲကင်မရာတစ်လုံး
ကိုင်ပြီးရောက်လာတက်မြဲဘဲ။ တကယ်တမ်းပြောင်းလဲနေမိတာကသူကိုယ်တိုင်ဘဲဖြစ်
နေလေသည်။

" My boyfriend is my fanboy " (Complete)Where stories live. Discover now