#Zawgyi
"Bang PD ဆီက"
ဖုန်းကိုသူ့ဆီထိုးပေးလာတဲ့ Yoongi hyung ကိုသူ
ကားနောက်ခန်းကနေကြည့်ဘဲကြည့်နေပြီး ဖုန်းကို
လှမ်းမယူမိပေ။"Jimin~"
ဘယ်လောက်တောင်ကြာအောင်ကြောင်ကြည့်နေခဲ့မိလဲ
မသိ လက်ကိုဖွဖွလေးဆုပ်ကိုင်ကာသတိပေးသလိုသူ့
နံမည်ကိုခေါ်လာတဲ့ Jungkook ကြောင့်သာအသိပြန်
ဝင်လာရသည်။မကြောက်ပါနဲ့ဆိုတဲ့အားပေးသလိုအကြည့်တွေနဲ့သူ့ကို
ကြည့်နေတဲ့ Jungkook ရဲ့မျက်လုံးတွေကိုစိုက်ကြည့်
လိုက်တော့ပြုံးပြတဲ့သူ့ကြောင့် အနည်းငယ်တော့စိတ်
သက်သာရာရသွားရသည်။ အေးလေလုပ်ချင်တိုင်းလုပ်
ခဲ့ပြီးပြီဘဲ လုပ်ရဲရင်ခံရဲရမှာပေါ့။
ထိတ်လန့်နေတဲ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ Yoongi hyung လက်ထဲကဖုန်းကိုလှမ်းယူလိုက်
လေသည်။"PD nim ကျွန်တော် Jimin ပါ"
"ဘယ်လိုလုပ်လိုက်လုပ်တာလဲ Park Jimin"
တစ်ဖက်ကဒေါသထွက်နေတဲ့လေသံကြောင့်တော်ရုံတန်
ရုံဒေါသထွက်ခဲတဲ့ PD nim အခုဆိုသူ့ကိုဘယ်
လောက်တောင်ဒေါသထွက်စိတ်ဆိုးနေလိမ့်မယ်ဆိုတာ
ကိုသူခန့်မှန်းမိပါသည်။အေးလေသူလုပ်ခဲ့မိကိစ္စကလဲလက်ခံနိုင်စရာမှမရှိတာ။"ကျွန်တော်တောင်းပန်ပါတယ် PD nim"
စကားပြောရင်းငိုသံစွတ်သွားတဲ့အခါ သူ့လက်တစ်ဖက်
ကိုဆုပ်ကိုင်ထားတဲ့ Jungkook ရဲ့လက်ကပိုမိုတင်း
ကြပ်သွားလေသည်။"ကျစ် မင်းဘယ်လိုတောင်လုပ်လိုက်ရတာလဲ
entertainment ကိုဘာမှအသိမပေးဘဲနဲ့ လူပေါင်း
များစွာရှိနေတဲ့ concert မှာမှ dating new က အမှန်မဟုတ်ဘူးလို့ပြောတဲ့အပြင်ကောင်လေးတစ်
ယောက်နဲ့ကြိုက်နေပါတယ်လို့ ဖွင့်ပြောလိုက်တယ်ပေါ့ လေ"သူဘာမှပြန်မပြောဘဲငြိမ်နေမိတော့ Bang PD nim
ကဆက်ပြီးတော့"အခုလောလောဆယ်မင်းနေတဲ့နေရာကိုမပြန်နဲ့တော့
Suga ရဲ့တိုက်ခန်းမှာဘဲဖြစ်ဖြစ်ခဏလောက်နေနေ
လိုက် အခုအချိန်လောက်ဆိုမင်းရဲ့တိုက်ခန်းမှာသတင်း
ထောက်တွေရောက်နေလောက်ပြီ သတင်းတွေဘာတွေ
လဲ entertainment ကဘဲတင်ပေးမှာမလို့မင်းရဲ့
accကနေဘာမှမတင်နဲ့နော်ကြားလား"