Part-18

4K 484 4
                                    

#Zaygyi

"Hyung မပြီးသေးဘူးလား?"

"အင်း ပြီးပြီခဏလေးဘဲ"

အပြင်မှာစောင့်နေတဲ့သူကြားအောင်အော်လိုက်ပြီး
တော့မှန်ကိုတစ်ချက်ကြည့်သည်။စိတ်ကျေနပ်ကာမှနေကာမျက်မှန်တစ်လက်ကို ကောက်ယူကာအမြန်ထွက်လာရသည်။

မြင်မြင်ချင်းတစ်ကိုယ်လုံးကိုစူးစိုက်ကြည့်ပြီး မဲမှောင်လာတဲ့မျက်နှာကြီးကြောင့်ဘာများဖြစ်နေလို့လဲ ဆိုပြီးကိုယ့်ကိုကိုပြန်ငုံ့ကြည့်ရသေးသည်။
ဘာဖြစ်နေလို့လဲဆိုတဲ့ပုံစံနဲ့ပုခုံးကိုတွန့်ပြတော့မှ

"ဘာလို့အဲ့လောက်တောင်ပြင်ဆင်ထားရတာလဲ လူကြားထဲမှာဆိုထင်းလင်းနေတော့မှာဘဲ" ဆိုတဲ့မကျေမနပ်သံကြီးနဲ့ဆိုလာသည်။

တီရှပ်လိမ္မော်ရောင်လေးတစ်ထည်နဲ့ရိုးရိုးဘောင်းဘီ တစ်ထည်ကိုဘဲကောက်စွပ်ထားတာကသေချာပေါက်
သေသေချာချာပြင်ဆင်ထားတာတော့မဟုတ်ပေ။
ဒါပေမယ့်လဲ all blackဘဲဝတ်ထားပြန်တဲ့သူနဲ့ ယှဉ်ရင်တော့ အင်းလေထင်းလင်းနေမှာပေါ့လို့။

"ဘာဖြစ်လို့လဲ Dateလုပ်မှာကိုငါကသေချာပြင်ဆင် လို့မရဘူးလား"

လက်မောင်းတစ်ဖက်ကိုဆွဲဖက်ကာချစ်ဖို့ကောင်းအောင် လုပ်ပြီးပြောလိုက်တော့Jungkookမျက်နှာက
ပြုံးတုံ့တုံ့ဖြစ်လာလေသည်။

"Dateလုပ်မယ်လို့ဘယ်သူကပြောလို့လဲဟွန့်
Jimin shiကအခုလိုပြင်ဆင်ထားတော့အရမ်း လှနေတယ်လေလူတွေကဝိုင်းကြည့်ကြမှာပေါ့လို့ ကျွန်တော်မကြိုက်ပါဘူး"

မရိုမသေဖြစ်လို့ Hyungလို့ခေါ်မယ်လို့ပြောခဲ့တာလဲသူ ဘဲပေမယ့် အခုအချိန်အထိ Hyungလို့ခေါ်လိုက် Jimin shiလို့ခေါ်လိုက်ဖြစ်နေသေးတဲ့ကောင်လေးရဲ့ နှာခေါင်းကိုလက်နဲ့ညင်သာစွာဆွဲလိုက်သည်။

"အဲ့တော့လူတွေမကြည့်အောင်ပိုင်ရှင်ရှိကြောင်းပြတဲ့ အနေနဲ့ဟောဒီက Jeon Jungkookက
Park Jiminရဲ့ပိုင်ရှင်ပါဆိုပြီးတော့လက်ကိုဆွဲပြီး ခေါ်သွားလေ"

ထိုးပေးလာတဲ့လက်ချောင်းသေးသေးလေးတွေကို ကျေနပ်သွားဟန်မျက်နှာနဲ့ Jungkookဆွဲယူကာ ဆုပ်ကိုင်လိုက်သည်။

" My boyfriend is my fanboy " (Complete)Where stories live. Discover now