Part-3

5.4K 703 21
                                    

#Zawgyi

ကမ္ဘာပေါ်မှာရှိရှိသမျှအရာတွေအားလုံးထဲမှာမှဘယ်အရာကများအလှပဆုံးပါလဲလို့မေးရင်တခြားသူတွေဘယ်
လိုဖြေကြမလဲတော့ကျွန်တော်မသိဘူး  Ji …
ကျွန်တော့်အတွက်ကတော့
ကြည်လင်နေတဲ့ကောင်းကင်တွေ စီးဆင်းနေတဲ့မြစ်ရေ
တွေ ပွင့်လန်းနေတဲ့ပန်းပွင့်တွေထက်ပိုပြီးတော့လှတဲ့…
အသက်ရှင်ဖို့အတွက်ရူရှိုက်နေရတဲ့လေတွေထက်
ကျွန်တော်ပိုချစ်ရတဲ့ခင်ဗျားကသာလျှင်အလှဆုံးပါလို့
ဘဲဖြေမယ် Ji …
ခင်ဗျားကိုတစ်နေ့တခြားပိုပိုပြီးတော့ချစ်လာမိတာကို
ကြောက်လာတဲ့ကျွန်တော်က ခင်ဗျားကိုမေ့ဖို့ကြိုးစားခဲ့
ဘူးတယ်။ ဘဝမှာနောင်တရခဲ့မိဆုံးအချိန်ပေါ့...
မေ့နေပါပြီ ခင်ဗျားမရှိလဲနေနိုင်ပါပြီဆိုတဲ့ကျွန်တော်က
သိပ်မကြာတဲ့အချိန်ကာလအတွင်းမှာဘဲ ခင်ဗျားဆီကို
ပြန်ရောက်လာရပြန်တာဘဲ… ခင်ဗျားကိုသတိရလို့ငိုခဲ့ရတဲ့ညတွေ တခြားသူတွေနဲ့ တွေ့ရင်တစ်ဖက်သက်သဝန်တိုခဲ့ရတဲ့အချိန်တွေ နာကျင်နေတိုင်းမှာခင်ဗျားကိုလိုအပ်နေခဲ့မိတဲ့အချိန်တွေ အာ့ဒီလိုအချိန်တွေ ဘယ်လောက်ဘဲများများ
ကျွန်တော်ကတော့နောက်ဆုံးခင်ဗျားဆီကိုဘဲ ပြန်ရောက်လာအုံးမှာဗျ။
၅နှစ်ဆိုတဲ့အချိန်ကလူတစ်ယောက်ထဲကိုဘဲမျှော်ကြည့်
နေဖို့တော်တော်ကိုကြာတဲ့အချိန်ဘဲအထူးသဖြင့်ကိုယ့်ကို
မြင်တောင်မမြင်နိုင်တဲ့လူတစ်ယောက်အတွက်ဆိုရင်ပေါ့..
ဒါပေမယ့်ကိစ္စမရှိဘူး၅နှစ်မကလို့နောက်ထပ်နှစ်၅၀ဆို
ရင်တောင်ကျွန်တော်ကတော့ ခင်ဗျားကိုဘဲမျှော်ကြည့်ပြီး တော့ငေးနေအုံးမှာဘဲ……
Idolဖြစ်တဲ့ခင်ဗျားအတွက်တော့ ကျွန်တော်က
အလင်းစက်သန်းပေါင်းများစွာထဲက အလင်းစက်လေး
တစ်စက်ဆိုပေမယ့် Fan ဖြစ်တဲ့ကျွန်တော့်အတွက်
ကတော့ ခင်ဗျားကစကြာဝဠာကြီးတစ်ခုလုံး ဖြစ်နေလို့ပေါ့Ji......
နေ့ရက်တွေတိုင်းကခင်ဗျားမရှိဘဲဖြတ်သန်းဖို့ဆိုရင်သိပ်
ကိုခက်ခဲလိမ့်မယ်.......

နာရီနှိုးစက်သံကြောင့် Jungkook အိပ်ယာကနိုးလာ
တော့သည်။နှိုးစက်သံကိုပိတ်ကာ ရေအရင်ချိုးဖို့
ပြင်လေသည်။

အရင်တစ်ပတ်လောက်က သူ့အဒေါ်နဲ့
ပြဿနာတတ်ထားတာမလို့ အပြင်မှာဝယ်ထားတဲ့သူ့ရဲ့
ကိုယ်ပိုင်တိုက်ခန်းဆီမှာဘဲလာနေတာ တစ်ပတ်
လောက်ရှိနေလေပြီ။ ကျွန်တော်ကသည်းခံပေးထားတာ
ကိုသူတို့ကပိုပြီးရောင့်တတ်နေကြတယ်လေ။သေတမ်းစာအရကျွန်တော်၂၃နှစ်မပြည့်မချင်းပစ္စည်းတွေကိုမပိုင်ဆိုင်သေးတာကြောင့်သာ သူတို့ကကျွန်တော့်ရဲ့
အုပ်ထိန်းသူအနေနဲ့ရှိနေသေးတာဖြစ်သည်။ တစ်ခါတလေကြရင်ဒါကငါ့ရဲ့ဦးလေးအရင်းရောဟုတ်ရဲ့လားလို့တောင်တွေးမိတဲ့အထိဘဲ
သူတို့ အဖေရောအမေရောဆုံးရှုံးသွားတဲ့
16 နှစ်အရွယ်ကျွန်တော့်အပေါ်ကိုဘယ်လိုလုပ်ရက်တွေ
လုပ်ခဲ့ကြသလိုဆိုတာကိုပြန်တွေးမိလိုက်တိုင်းမှာ မခံမရပ်နိုင်လောက်အောင်ကိုဒေါသထွက်ရတယ်။
တစ်နှစ်ဘဲ ဒီတစ်နှစ်လောက်သာသည်းခံပြီးစောင့်လိုက်
ရင် အမွေတွေအကုန်လုံးကျွန်တော့်ဆီရောက်လာတော့
မှာမလို့ ဒီလူတွေကိုနောက်ဆိုဂရုစိုက်စရာမလိုတော့ပေ။

" My boyfriend is my fanboy " (Complete)Where stories live. Discover now