Part-4

4.9K 661 1
                                    


#Zawgyi

အဆင့်အတန်းအရမ်းမြင့်ပြီးတော့ တော်တော်ကိုဈေးကြီး
မယ်မှန်းကြည့်ရုံနဲ့သိသာနေတဲ့ အထက်မြင့်အဆောက်
အအုံကြီးတစ်ခုရှေ့မှာ Suga ကားကိုပါကင်ထိုးကာ
အဆောက်အအုံထဲကိုဝင်လာသည်။ ဓာတ်လှေကား
ခလုတ်တွေထဲကမှ အမြင့်ဆုံးအထပ်ရဲ့ခုလုတ်ကိုနှိပ်
ကာအပေါ်ဆုံးထပ်ကိုတက်လာလိုက်သည်။

Park Jimin ဆိုတဲ့သူ့ရဲ့အလုပ်ရှင်လေးကတော့ ထိထားတဲ့ခြေထောက်ကိုအကြောင်းပြပြီးတော့သူ့ကို
တစ်ခုပြီးတစ်ခုကိုခိုင်းနေတော့သည်။
အခုလဲ 'hyung ကျွန်တော်လေခြေထောက်က ထောက်မရလို့ ကြက်သားကြော်လေးစားချင်လာတယ် ထင်တယ်ဝယ်ခဲ့ပေးပါအုံးနော်'
ဆိုတဲ့အမြင်ကပ်စရာအသံလေးနဲ့ ဖုန်းဆက်လာလို့
ဝယ်ပြီးလာပို့ပေးနေရခြင်းပင်ဖြစ်သည်။
ပြီးတော့ နောက်တစ်ပတ် schedual အကြောင်းတွေ
ပါဆွေးနွေးစရာရှိတာမလို့ delivery နဲ့မဟုတ်ဘဲ သူ
ကိုယ်တိုင် Jimin နေတဲ့တိုက်ခန်းဆီကိုရောက်လာရ
သည်။

Suga အိပ်ရေးမဝသေးတဲ့မျက်လုံးတွေနဲ့ အပေါ်ကိုတတ်နေတဲ့မြှားလေးကိုစိုက်ကြည့်နေလေသည်
ဓာတ်လှေကားရပ်သွားတော့ သူ့လက်ထဲကကြက်ကြော်
ထုပ်ကိုသေချာပြင်ကိုင်လိုက်ပြီးတော့ တိုက်ခန်းတစ်ခန်း
ရှေ့မှာရပ်ကာအလွတ်ရနေတဲ့ password နံပတ်ကို နှိပ်ဖို့လုပ်နေတုန်းမှာဘဲ တံခါးကပွင့်လာလေသည်။
အခန်းထဲကထွက်လာတဲ့ကောင်လေးကသူ့ကိုမြင်တော့
လန့်ပြီးတစ်ချက်တုန်သွားကာ

" အာ မန်နေဂျာhyung ဘဲ Jimin shi ကအထဲမှာ
ပါ "

Suga သူ့ရှေ့ကနေလမ်းဖယ်ပေးနေတဲ့ကောင်လေးကို
မျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်။ ဒီကောင်လေးက
ဘယ်သူလဲဘာလို့ Jimin အခန်းထဲကထွက်လာရတာ
လဲ။
ထွက်သွားတဲ့ကောင်လေးရဲ့ကျောပြင်ကိုငေးကြည့်နေ
ရင်းနဲ့မှ သူကမနေ့ကနားနေခန်းထဲကိုဝင်လာတဲ့ Jimin
ရဲ့သူငယ်ချင်းလို့ပြောတဲ့ ကောင်လေးဖြစ်မှန်း Suga မှတ်မိသွားတော့သည်။ ဒါပေမယ့်ဘာလို့သူကဒီကိုရောက်နေရတာတုန်း။

အခန်းထဲကိုရောက်ရောက်ချင်းဘဲ Suga သူအခန်းမှား
ပြီးဝင်လာမိပြီလို့ တွေးလိုက်မိသည်။ ဒီစီရီနေတဲ့ ဖိနပ်စင်
ဘာအကျီ င်္တွေမှကျမနေတဲ့ကြမ်းပြင် မုန့်အိတ်ခွံတွေရှိမ
နေတဲ့အခန်းက ဘယ်လိုမှ Park jimin ရဲ့အခန်း
မဖြစ်နိုင်ပေ။ "Yoongi hyung ရောက်ပြီလား " ဆိုတဲ့အိပ်ခန်းထဲကနေလှမ်းအော်လိုက်တဲ့အသံကြောင့်
သာသူ အခန်းမှားဝင်လာတာမဟုတ်မှန်း Suga သိ
လိုက်ရတော့သည်။

" My boyfriend is my fanboy " (Complete)Where stories live. Discover now