Part-2

5.9K 777 6
                                    

#Zawgyi

သန့်စင်ခန်းကပြန်လာပြီးတော့ကားထဲကိုစောင့်အောင့်
ဝင်လာ သည့်အပြင် ကားတံခါး ကိုပါ ဝုန်းခနဲစောင့်ပိတ်လိုက်တဲ့ Jimin ကြောင့် Suga
စိတ်ပျက်စွာမျက်မှောင်ကျုံ့လိုက်လေသည်။
ဒီကောင်လေးကဒီအတိုင်းဘဲ သူစိတ်ပျော်နေရင်တော့
လူကောင်းလေး သူများစိတ်ညစ်စရာရှိနေရင်တော့ ဘေးနားမှာရှိနေတဲ့သူတွေအကုန်လုံးကိုနားငြီးအောင် ဝုန်းဝုန်းဒိုင်းဒိုင်းစောင့်အောင့်လုပ်တတ်လေသည်။သူ့မန်နေဂျာအလုပ်ကိုလုပ်နေတဲ့ကိုယ်ကနားအေး
ပါးအေးဘဲနေချင်တဲ့သူဖြစ်တာကြောင့်ဒီအကျင့်ဆိုးလေးကိုတော်တော်လေးကိုသည်းခံပြီး၇နှစ်လုံးအလုပ်လုပ်
နေရတာပင်ဖြစ်သည်။

"ဘာဖြစ်လာလို့လဲ "

Jimin ကားရှေ့ခန်းမောင်းတဲ့သူနေရာမှာထိုင်နေတဲ့ Yoongi Hyung ကိုမျက်လုံးလှန်ကြည့်လိုက်ပြီး
တော့ ခုနကဖြစ်ခဲ့တဲ့ကိစ္စကိုပြောသင့်မပြောသင့်စဉ်းစား
နေသည်။
အင်း သေချာပေါက်ပြောလို့ဖြစ်မှာမဟုတ် 'ငါမင်းကိုအဲ့ဒီ့
ဆေးလိပ်တွေမသောက်ပါနဲ့တော့လို့ပြောသားဘဲ' ဆိုတဲ့
စကားဘဲပြန်စပြီးသူ့ကိုဆူတော့မှာ… ပြီးတော့မလိုအပ်တဲ့ကိစ္စတွေကြောင့်သူ့ကိုစိတ်မပူစေချင်ဘူး။

"ကျစ် ဘာမှမဟုတ်ပါဘူး ဒီအတိုင်းအိမ်သာမှာပိုးဟပ်
တစ်ကောင်တွေ့ခဲ့လို့"

Jimin သူ့ခေါင်းကိုကုတ်ပြီးတော့ပြောလိုက်သည်။

Suga လဲဘာမှဆက်မမေးတော့ပေ။ ဟုတ်တယ်လေ
သူမေးလိုက်တယ်ဆိုတာကလဲသိချင်နေလို့မေးနေတာမှ
ှမဟုတ်ဘဲ။ ဒီအတိုင်းဝတ်ကျေတန်းကျေမေးလိုက်တာပင်။ သူတကယ်ဂရုစိုက်တာဆိုလို့ဒီနေ့အလုပ်စောစောပြီးရင်
အိမ်ပြန်စောစောပြီးတော့အိပ်ရမယ်ဆိုတာပင်။
သူဘာမှဆက်မပြောတော့ဘဲကားကိုဘဲသေချာဂရုစိုက်

မာင်းနေလိုက်သည်။

Jimin ကတော့ခုနကသန့်စင်ခန်းထဲမှာဖြစ်ပျက်ခဲ့တဲ့
အဖြစ်အပျက်ကိုဘဲပြန်တွေးနေမိသည်။

"ကျွန်တော့်မှာ Jimin shi ဆေးလိပ်သောက်နေတာ
ကိုရိုက်မိထားတဲ့ပုံတွေရှိတယ် အဲ့ဒီ့ပုံတွေကို public ကိုချမပြစေချင်ဘူးမလား......"

" My boyfriend is my fanboy " (Complete)Where stories live. Discover now