Part-11

4K 546 4
                                    

#Zawgyi

လူတွေကရှိနေတုန်းမှာတန်ဖိုးမထားတတ်ကြဘဲနဲ့
ဆုံးရှုံးခါနီးအရာကိုဆိုရင်ပိုပြီးတော့လိုချင်လာတတ်
ကြတယ်ထင်တယ်
လက်လွှတ်ပေးရခါနီးလေပိုပြီးတော့တန်ဖိုးရှိကြောင်းသိလာရလေဘဲ.........

လွမ်းတယ်... နေ့တိုင်းရောက်လာနေကြ
'Good morning' 'Good night' ဆိုတဲ့စာတွေ
ရောက်မလာတဲ့အချိန်တွေမှာသေအောင်လွမ်းတယ်...
"Jimin shi..." ဆိုတဲ့ခေါ်သံတွေကအနည်းငယ်
အနှောင့်အယှက်ပေးတယ်လို့ထင်ခဲ့ရပေမယ့် မကြားရတာကြာတော့နားထဲမှာအလိုလိုကြားယောင်နေမိတယ်......
လွမ်းတယ် စင်ပေါ်ကနေအမြဲလှမ်းမြင်ရတဲ့ကင်မရာလေး
တစ်လုံးနဲ့ ဦးထုပ်အမဲလေးဆောင်းထားတတ်တဲ့ ကောင်လေးကိုမမြင်ရတဲ့အခါမျိုးတွေမှာလွမ်းတယ်......
အဲ့ဒီ့ညကJeju ကျွန်းမှာရှိခဲ့တဲ့ညက Jimin~ လို့တိုးတိုးလေးခေါ်ညည်းခဲ့တဲ့သူ့ရဲ့အသံကိုရော...... သူစိတ်ဓာတ်ကျတဲ့အချိန်တိုင်းမှာသိနေတတ်ပြီးအမြဲ
တမ်းချက်ချင်းရောက်လာတတ်တဲ့ကောင်လေးကိုရော
တကယ်အရမ်းလွမ်းတယ်~

"ဒီနေ့လဲ သူ့ကိုမတွေ့ရဘူး Hyung"

ဒါကစင်ပေါ်ကဆင်းလာလာချင်းသူပြောလိုက်တဲ့စကား
performanceကိုတောင်သေချာအာရုံမစိုက်နိုင်တဲ့
အထိသူ့ကိုဘဲရှာနေမိတယ်။တစ်ပတ်လုံးလုံးဘာ
အဆက်အသွယ်မှမရသည့်အပြင် ဘယ်ပွဲမှာမှမတွေ့ရ
တော့တဲ့အခါမှာတော့ လူကစိတ်နဲ့လူနဲ့မကပ်ချင်တော့
ပေ။သူတကယ်ကျွန်တော့်ကိုမေ့နိုင်သွားလို့ဘဲလား...
ဒါကသူ့ကိုလဲအပြစ်ပြောလို့မရပေ တကယ်ဆိုသူ့ကို မရွေးချယ်ခဲ့တာက ကျွန်တော်ကိုယ်တိုင်ဘဲမလား......

"Taehyung ဆီကရောသူ့သတင်းကြားရသေးလား
Hyung?"

"ဟင့်အင်း Tae လဲသူနဲ့အဆက်အသွယ်မရဘူးပြော
တယ်"

"ဟုတ်လား"

သက်ပြင်းချကာ Jimin ပြောလိုက်မိသည်။တကယ်ကိုမင်းကအကုန်လုံးနဲ့အဆက်အသွယ်ဖျက်
သွားခဲ့တာပါလား။

Jimin ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး Suga ခေါင်းခါလိုက်
မိတယ်။ဒီလိုပုံစံဖြစ်နေတာသူ့ dating new ထွက်ပြီး
Jungkook ဆီကအဆက်အသွယ်မရတော့တဲ့အချိန်
ထဲကဘဲ။ဘယ်လိုpersonalကိစ္စတွေဘဲရှိနေပါစေ
စင်ပေါ်ရောက်ရင်အမြဲတခြားသူတစ်ယောက်လိုပြောင်း
လဲသွားတတ်ပြီးအကောင်းဆုံးဖျော်ဖြေတင်ဆတ်တတ်တဲ့ Park Jimin ကဒီနေ့ဖျော်ဖြေပွဲမှာတော့အလွဲလွဲ အမှားမှားနဲ့ ။
Jiminရဲ့မန်နေဂျာလုပ်လာတဲ့သက်တမ်းတလျှောက်လုံးမှာအခုလိုပုံစံနဲ့ Jimin ကိုသူတစ်ခါမှမမြင်ဘူးပေ။ဒီကောင်လေးသူ့အကူအညီကိုတကယ်လိုနေလေပြီ။

" My boyfriend is my fanboy " (Complete)Where stories live. Discover now