Part-7

5.6K 637 9
                                    


#Zawgyi

အရာအားလုံးကအိမ်မက်မက်နေသလိုလို တကယ်ဖြစ်ခဲ့ သလိုလို ရောထွေးနေတဲ့ခံစားချက်ပေါင်းစုံနဲ့အတူ
သူအိပ်ရာကနိုးလာတော့ သူ့ကုတင်ဘေးကကောင်လေး
ကတော့ရှိမနေတော့ပေ။  အရင်ဘဲထထွက်သွားခဲ့တာ
လားဒါမှမဟုတ်အရာအားလုံးကအိမ်မက်တစ်ခုဘဲဖြစ်ခဲ့
သလားဘဲ။ စားပွဲပေါ်မှာလဲကျနေတဲ့ပုလင်းအလွတ်
နဲ့အတူ ကုတင်ပေါ်မှာပေနေတဲ့တစ်ချို့အကွက်အစွန်း
တွေကအိမ်မက်မဟုတ်မှန်းသက်သေခံပေးနေပေမယ့်
Jungkook အိမ်မက်တစ်ခုသာဖြစ်ခဲ့ပါစေလို့
ဆုတောင်းနေမိတယ်။

သူရင်မဆိုင်ရဲဘူး   Ji ကသာဒီကိစ္စကြောင့်သူ့ကိုမုန်း
သွားခဲ့မယ်ဆိုရင်သူဘယ်လိုလုပ်ရပါ့
ဒီအကွာအဝေးအထိရောက်ဖို့ကို၅နှစ်တောင်အချိန်ယူခဲ့
ရတာလေ  လွယ်လွယ်လေးနဲ့သူ့အနားကိုရောက်လာခဲ့
တာမဟုတ်လို့ ဒီတစ်ညတာလေးကြောင့်ကိုယ်တိုင်
ဖန်တီးထားခဲ့ရတဲ့အရာအားလုံးကိုပျက်စီးမသွားစေချင် ဘူး…

"Jungkook yar Jungkook မနိုးသေးဘူးလား"

တံခါးကိုအမြန်သွားဖွင့်ပေးလိုက်တော့မှ တဒုန်းဒုန်းထု
နေတာကိုရပ်လိုက်ပြီးတော့သွားဖြီးပြနေတဲ့ Tae

" အော်နိုးနေပြီလား Suga hyung ကမင်းကိုဆဲနေပြီ
Jimin တောင်အကုန်ပြင်ဆင်ပြီးနေပြီ မြန်မြန်ထွက်လာ
ခဲ့တော့ နေထွက်ခါစ scene ကိုရိုက်ပါမယ်ဆို
မင်းကြောင့်နေကပြန်ဝင်တော့မယ် "

Taehyung လာပြောမှဘဲခုနကတွေဝေနေတဲ့သူ
ကင်မရာကိုယူကာအမြန်ထွက်လာရတော့သည်။ အခုအချိန်မှာ Ji ကသူ့ကိုမုန်းနေရင်တောင်မှအလုပ်က
တော့အလုပ်ဘဲမလို့ သူ့ဘက်ကတာဝန်ယူထားတဲ့ကိစ္စ
ကိုပြီးအောင်လုပ်ပေးရမယ်လေ။

Suga hyung နဲ့အတူထိုင်နေတဲ့ Jimin ကိုမြင်
တော့ခြေထောက်တွေကအလိုလိုရပ်တန့်သွားတော့
သည်။ သူ့ကိုလှည့်ကြည့်လာတဲ့အခါမှာတော့ လူကဘာ
လုပ်လို့လုပ်ရမှန်းမသိတောင့်တောင့်ကြီးသာဆက်ရပ်နေမိသည်။ ခဏဆိုခဏလေးဘဲဖြတ်ခနဲကြည့်ပြီးတော့ သူ
ကချက်ချင်းဘဲအကြည့်ပြန်လွှဲသွားလေသည်။
ရုပ်တရက်ကြီးတစ်စုံတစ်ခုလှစ်ဟာသွားသလိုခံစားချက်
ကြီးကိုသူခံစားလိုက်ရတယ်
စိတ်တိုနေတဲ့သူ့မျက်လုံးတွေကိုမြင်ရလိမ့်မယ်လို့
ထင်ထားပေမယ့် ဘာဆိုဘာမှခံစားချက်ရှိမနေတဲ့
မျက်လုံးသေတွေကိုမြင်လိုက်ရတော့ပိုပြီးတော့တုန်လှုပ်
သွားမိသည်။

" My boyfriend is my fanboy " (Complete)Where stories live. Discover now