Part-9

4.5K 535 5
                                    

#Zawgyi

ဒီနေ့က Jungkook မွေးနေ့ဖြစ်တာကြောင့် Taehyung က Yoongi hyung ကိုအတင်းခေါ်ထားသလို Yoongi hyung ကကျွန်တော့်ကိုပါအတင်းဆွဲခေါ်လာတာမလို့ ကျွန်တော်
အခု Jungkook နေတဲ့တိုက်ခန်းကိုရောက်နေရလေ
သည်။
သူ့ကိုတွေ့တော့အံ့သြသွားတဲ့မျက်လုံးတွေကြောင့် ရုတ်တရပ်ရောက်လာတဲ့ဧည့်သည်ကိုမျှော်လင့်ထားပုံမ
ပေါ်ပေ။

Jungkook ကသူ့ကိုကြိုက်ပါတယ်လို့ဖွင့်ပြောထား
တဲ့အချိန်ကစပြီးတော့သူနဲ့မတွေ့ဖြစ်အောင်ရှောင်နေမိ
ပေမယ့် ဒီနေ့တွေ့တော့လဲ Jungkook ကသူ့ကိုအနေ
ရခက်စေအောင်ဘာမှမလုပ်ပေ။ ဒီအတိုင်းပုံမှန်အတိုင်း
ဘဲပြောဆိုဆက်ဆံပြီးနေသည်။ သူကအခုလိုပုံမှန်
အတိုင်းနေလေ ကျွန်တော်ကစိတ်မသက်မသာပိုဖြစ်ရ
လေဘဲ။ ကြိုက်တယ်လဲမဟုတ် မကြိုက်ဘူးလဲမဟုတ်
ဘာမှကိုပွင့်ပွင့်လင်းလင်းပြောမထားတဲ့အပြင်
မျက်နှာပြောင်တိုက်ပြီးတော့တောင်သူ့မွေးနေ့ကိုလာပြီး
စားသောက်နေသေးတယ်လို့များတွေးသွားမလားဘဲ။

Jungkook ကိုသူကြိုက်သလား မကြိုက်ဘူးလားက
တော့တွေးစရာမလိုပေ ကြိုက်သည်ဖြစ်စေမကြိုက်သည်
ဖြစ်စေ သူ Jungkook နဲ့တွဲလို့ရမှာမဟုတ်။

ကျွန်တော်က Idol တစ်ယောက်…ကျွန်တော်လုပ်သမျှ အရာအားလုံးကိုမျက်စိဒေါက်ထောက်စောင့်ကြည့်ခံနေရတဲ့သူတစ်ယောက် နောက်ပြီးအရေးအကြီးဆုံးက Fan
တွေဘဲကျွန်တော်သာတစ်စုံတစ်ယောက်နဲ့တွဲခဲ့မယ်ဆို
ရင် နာကျင်ရမှာ လက်မခံနိုင်ဖြစ်သွားကြမှာ Fan တွေ
ဘဲဖြစ်လို့ကျွန်တော်ကတော့အခုအချိန်မှာဘယ်သူနဲ့မှတွဲ ဖို့စဉ်းစားမှာမဟုတ်ပေ။
လက်ခံပေးနိုင်တယ်ဆိုတဲ့ Fan တွေဘယ်လောက်ဘဲ
များများ တကယ်လို့သူက Jungkook လိုယောကျာ်း လေးတစ်ယောက်နဲ့တွဲခဲ့မယ်ဆိုရင်ရောသူတို့ Idol က
gay ဖြစ်နေပါတယ်ဆိုရင်ရော သူတို့ကျွန်တော့်ကို အရင်လိုဘဲလက်ခံပေးပြီးတော့ချစ်ပေးနိုင်အုံးပါ့မလားဘဲ။
ကျွန်တော်ကလူတစ်ယောက်ကိုကြုံသလိုကောက်တွဲလို့
ရတဲ့လူတစ်ယောက်မဟုတ်ဘူး ကျွန်တော့်မှာပြန်ငဲ့စရာ
Fan တွေကျွန်တော့်ရဲ့ဂုဏ်သိက္ခာ ကျွန်တော့်ရဲ့
အောင်မြင်မှု တွေးကြည့်စရာတွေမှအများကြီးဘဲအဲ့တာ
ကြောင့်သေချာတာကတော့ကျွန်တာ် Jungkook ကိုကြိုက်လို့မရဘူးဆိုတာဘဲ။
ကျွန်တော်ကသာ Idol တစ်ယောက်မဟုတ်ဘဲ သာမာန်လူတစ်ယောက်သာဆိုရင်တော့ ကျွန်တော်
Jungkook ကိုကြိုက်လားမကြိုက်ဘူးလားဆိုတာကို
သေချာအချိန်ပေးပြီးတော့စဉ်းစားဖြစ်လိမ့်မယ်ထင်တယ်
ဒါပေမယ့်အခုကတော့ ဒီအကြောင်းအရာကိုခေါင်းထဲကို
တောင်ထည့်မထားသင့်ဘူးပေ။

" My boyfriend is my fanboy " (Complete)Where stories live. Discover now