Part-5

5.2K 655 13
                                    


#Zawgyi

ကင်လင်နေတဲ့ကောင်းကင် ပြာလဲ့နေတဲ့ပင်လယ်ရေတွေ
နဲ့ တငြမ့်ငြိမ့်သွားနေတဲ့ yacht boat ပေါ်ကမြင်နေတဲ့
မြင်ကွင်းတွေကလဲ မျက်စိသဒေသာဖြစ်လှလေသည်။

အခုအချိန်မှာမျက်စိပဒေသာမဖြစ်ဘဲကန့်လန့်ခက်ဖြစ်နေတာဆိုလို့ Jungkook ရဲ့သူငယ်ချင်းဆိုသူ Kim Taehyung ဆိုတဲ့ကောင်လေးပင်။
Jungkook နဲ့အဖော်လိုက်လာတယ်ဆိုပေမယ့် သူ့ကိုယ်သူဇိမ်ခံအပန်းဖြေခရီးထွက်လာတယ်များထင် နေသလားဘဲ။ နေကာမျက်မှန်ကြီးတကားကားနဲ့ ဝတ်ထားစားထားတာကလဲ ရိုက်ကူးရေးလုပ်ဖို့လာတဲ့ Park jimin တောင်အရှုံးပေးရမယ်။ ပြီးတော့ seoul ကထွက်လာထဲကလွယ်လာတဲ့အိတ်ကြီးကိုလဲ Suga သံသဝင်နေတာကြာပြီ။ တစ်ညအိပ်ခရီးလေးကိုလွယ်လာတဲ့အိတ်ကြီး
က လူသတ်ပြီးထည့်လာကာ Jeju ကျွန်းကိုရောက်မှ
လက်စဖျောက်ဖို့စီစဉ်ထားသလိုဘဲ ။
အခုမှသိရတာက အိတ်ထဲမှာထည့်လာတာကတော့
အာလူးကြော်ထုပ်တွေကိုမှ ရှိသမျှ flavors အစုံနဲ့
ထည့်လာသည်ဆိုတာပင်။ဒီကောင်လေးကအာလူးကြော်ထုတ်တဲ့စက်ရုံပိုင်ရှင်ရဲ့ သားများလားဘဲ?
ပြီးတော့ ငယ်ငယ်ထဲကနေအခုအချိန်ထိခရီးတစ်ခါမှ
မသွားဘူးသေးတဲ့ပုံဘဲ မြင်မြင်သမျှအရာအားလုံးကိုလက်ညှိုးထိုးကာ ပါးစပ်အဟောင်းသားနဲ့ Jungkook ကိုလိုက်ပြ
နေလေသည်။ နောက်ပြီးသူမြင်ဘူးသမျှလူတွေထဲမှာ
Park jimin စကားအများနိုင်ဆုံးလို့ထင်ထားတာ
ဒီ Kim Taehyung ဆိုတဲ့တစ်ယောက်ကြောင့်
Park Jimin ရဲ့သရဖူကို Suga ဒီကောင်လေးဆီကို
လွှဲပြောင်းပေးလိုက်မိတော့သည်။
Suga တော်တော်ကိုသည်းခံနေရကာ ဒီကောင်လေး
ဖွထားသမျှ အာလူးကြော်ထုပ်တွေကိုလိုက်သိမ်းနေရ
သည်။ လှေတစ်ခုလုံးလဲအာလူးကြော်ထုပ်တွေဘယ်နေ
ရာကြည့်ကြည့်မြင်နေရလေသည်။ အခုသူတို့ ကြော်ငြာ
ပေးရမှာက အအေးဘူးဒါပေမယ့်ရှိသမျှ နေရာတိုင်းမှာ
အာလူးကြော်တွေဘဲမြင်နေရလို့ ကြည့်တဲ့သူမှန်သမျှ
အာလူးကြော် ကြော်ငြာနေတယ်ဘဲထင်မှာ။

" Suga hyung ကျွန်တော်တောင်းပန်ပါတယ်နော်
Tae ကကျွန်တော်တစ်ယောက်ထဲသွားမှာကိုစိတ်မချ
ဘူးဆိုပြီးအတင်းလိုက်လာတာ သူကလုပ်ချင်ရင်ဘာမှ
တားလို့မရတာမလို့ ကျွန်တော်လဲခေါ်လာလိုက်ရတာ
ကျွန်တော့်တို့နှစ်ယောက်ရဲ့ခရီးစရိတ်ကို ကျွန်တော်ပေး
ပါ့မယ်နော် "

" My boyfriend is my fanboy " (Complete)Where stories live. Discover now