Ep 4(Uni+Zaw)

845 98 6
                                    

#Unicode#

ဇေယျာ သူငယ်ချင်းဖြစ်သူ နန်းရဲ့ မင်္ဂလာဆောင်ကနေ ချက်ချင်း ပြန်လာခဲ့လိုက်သည်။ သူငယ်ချင်း နန်းကိုလည်း နောက်မှဘဲ တောင်းပန်မယ်ဆိုပြီး ပြန်လာတာ ဖြစ်ချေသည်။ ဇေယျာ ထပ်ပြီး နေနေရင်လည်း ခံစားနေရမှာကို အလိုလို သိနေလို့ဘဲပေါ့။

ဇေယျာ နန်းရဲ့ မင်္ဂလာဆောင်ကနေ ပြန်လာပြီးကတည်းက laggageထဲ အ၀တ်တွေ ထည့်နေလေသည်။ စိတ်ပြေလက်ပျောက်နေဖို့ အချိန်လိုတာဘဲလေ... မဟုတ်ပါလား။ ဇေယျာ အ၀တ်အစားတွေ ထည့်နေချိန်မှာ ဖုန်းမြည်လာ‌ တော့သည်။ ဇေယျာ ကြည့်လိုက်သည်။ ကိုဟိဏ်းခေါ်တာ ဖြစ်တာ‌ကြောင့် ဇေယျာ မကိုင်ဘဲ ချက်ချင်း ချပစ်လိုက်သည်။

ဖုန်းချလိုက်ပြီး အ၀တ်ထပ်ထည့်နေချိန် ဖုန်းက ထပ်ပြီးမြည်လာပြန်လေသည်။ ဒါနဲ့ ဇေယျာ ဖုန်းကို ထပ်ပြီး ကြည့်လိုက်မိတော့သည်။ ဒီတစ်ခါလည်း ကိုဟိဏ်းဆိုတဲ့ contactနဲ့ ထပ်ခေါ်နေမယ်ဆိုရင် ဖုန်းပိတ်လိုက်တော့မည် ဆိုတဲ့ အတွေးနဲ့ ကြည့်လိုက်ခြင်း ဖြစ်သည်။ ဇေယျာ ထင်တာ မှားသွားခဲ့လေပြီ။ ဒီတစ်ခါတော့ အမေဆီ ဖုန်းဘဲ ဖြစ်သည်။ ဒါနဲ့ဘဲ ဇေယျာ ဖုန်းကို ကိုင်လိုက်ကာ speakerဖွင့်ထားလိုက်သည်။

"ဟယ်လို သား"

"အင်း ပြော အမေ"

"သား ဘာဖြစ်လို့လဲ.... ခဏက အမေ့ကို ခေါ်ထားတာ"

"အော် သားပြန်လာတော့မယ်လို့ ပြောမလို့ပါ"

"ဟင် ချက်ချင်းကြီးပါလား"

"အင်း အလုပ်က ပြီးပြီမလို့ပါ"

"ဟုတ်ပါပြီ အမေအခန်းရှင်းထားလိုက်မယ်လေ"

"ရတယ် အမေ....မရှင်းထားနဲ့ သားလာမှဘဲ ကြည့်ရှင်းလိုက်မယ်"

"‌ဟုတ်ပါပြီ"

"အစ်မကော ရောက်နေပြီလား"

"ရောက်ပြီ ညနေကရောက်လို့ ခုရေမိုးချိုးနေတယ်"

"အင်းပါ...သားအ၀တ်ထည့်နေလို့ ဖုန်းချလိုက်တော့မယ်နော်"

"အများကြီးလည်း ထည့်မနေနဲ့အုန်း ခဏဘဲလာမှာကို"

"ခဏလောက်တော့ ဖြစ်မယ်မထင်ဘူး ကြာမယ်ထင်တာပါဘဲ"

"ကြာမယ်ဆိုလည်း သိပ်မထည့်ပါနဲ့ အိမ်မှာလည်း သားအ၀တ်တွေ ရှိနေသေးတာဘဲ"

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now