Ep 12(Uni+Zaw)

380 44 7
                                    

#Unicode#

မိုးထက် မနေ့က တစ်ညလုံး အိပ်၍မရခဲ့ပါ။ ဘာကြောင့်ဆို ကိုယ့်အိပ်ယာနဲ့ကိုယ် မဟုတ်လို့ဘဲလေ။ တစ်ချို့ရှိကြတယ်မလား ကိုယ့်အိပ်ယာမျိုးမှ အိပ်ပျော်တတ်တဲ့ သူမျိုးလေ။ မိုးထက်လည်း ထိုအမျိုးအစားထဲမှာ ပါတာပေါ့လေ။ ညအိပ်မပျော်တော့ မနက်မိုးလင်းခါနီးမှ အိပ်သွားတော့သည်။ ခုလည်း နေရောင်ခြည်က မျက်နှာပေါ်တည့်တည့်သို့ ဖြာကျနေတာကြောင့် မိုးထက် ဆက်အိပ်၍မရ ဖြစ်လို့နေလေသည်။ ဒါနဲ့ မိုးထက် တစ်ယောက် မျက်မှောင်ကြီးကြုတ်လျက် အိပ်ယာက ထလာတော့သည်။ ထုံစံအတိုင်း မနက်ခင်း နံပါတ်၀မ်းကိစ္စအတွက် ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။

ရေချိုးခန်းထဲကနေ မျက်နှာသစ်ပြီးတော့ ပြန်ထွက်လာ‌လေသည်။ ဘေးကုတင်လေးက စောင်တွေမှာ ခေါက်သိမ်းထားပြီးသားဆိုတော့ ဇေယျာလည်း အိပ်ယာက ထသွားပြီဆိုတာ မိုးထက် သိလိုက်လေပြီ။ ဒါကြောင့် မိုးထက် အ၀တ်အစားလဲပြီး အခန်းထဲက ထွက်ခဲ့လိုက်သည်။ နေထွက်နေပြီဆိုတော့
ခုနှစ်နာရီလောက်ရှိပြီ ထင်သည်ဟု တွေးကာ ထမင်းစားတဲ့ အခန်းကို သွားဖို့ ပြင်လိုက်တော့သည်။ ဒါပေမယ့် သွားနေရင်း လမ်းတစ်၀က်မှာ ခေါ်သံကြားလိုက်ရလေသည်။

"မိုးထက်"ဆိုပြီးတော့ပေါ့။ ထူးဆန်းတာက အကိုဇေယျာအသံနဲ့ တော်တော်ကိုတူတာ။ ဒါနဲ့ဘဲ မိုးထက် နောက်ကိုလှည့်ကြည့်လိုက်သည်။ ဘယ်သူမှလည်း ရှိမနေဘူးလေ။
ဒီလိုနဲ့ မိုးထက် လမ်းဆက်လျှောက်ဖို့ ပြင်လိုက်တော့သည်။

"မိုးထက် အကိုဒီဘက်မှာ မြစ်ဘက်က ၀ရံတာလေးမှာ"
ဆိုပြီး နောက်တစ်ခါ ထပ်ကြားလိုက်ရသည်။

မိုးထက် ချက်ချင်းဘဲ မြစ်ဘက်က၀ရံတာလေးကို လှည့်ကြည့်လိုက်သည်။ တစ်ကယ်ပင် အကိုဇေယျာ ထိုင်နေတာလေ။ မိုးထက်လည်း ၀ရံတာဘက်ကို အပြေးလေးသွားလိုက်တော့သည်။ ပြီးတော့ အကိုဇေယျာဘေးနား ၀င်ထိုင်လိုက်သည်။ မိုးထက် ထိုင်ခုံမှာ ကျကျနန ထိုင်ပြီးသည်နှင့် ဇေယျာကို စကားပြောလိုက်တာ့သည်။

"အကို့အသံနဲ့တူပါတယ်‌လို့ ခဏကစဉ်းစားနေတာ"

"အော် မိုးထက်ရယ် အကို့အသံပါဘဲ"

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now