#Unicode#
ဇာမဏီဟိဏ်း တစ်ယောက် မနက်ခင်း အိပ်ယာ ထကတည်းက ကုမ္မဏီသွားဖို့ ပြင်ဆင်နေလေသည်။ အ၀တ်ဗီရို ရှေ့မှာ အ၀တ်တွေကို တစ်ထည်ပြီး တစ်ထည်လဲလို့နေလေသည်။ ၀တ်ကြည့်လိုက်၊ စိတ်တိုင်းမကျရင် ပြန်လဲလိုက်နှင့် အလုပ်ကိုရှုပ်နေတော့သည်။ အတော်အတန်ကြာ လဲလိုက်၊ချွတ်လိုက် လိုက်နေသေးသည်။ နောက်ဆုံးတော့
စိတ်တိုင်းကျသွားဟန်တူတဲ့ ၀တ်စုံကို တွေ့သွားပြီနဲ့ တူပါရဲ့။နဂို၀တ်ထားတာကိုချွတ်ပြီး စိတ်တိုင်းကျတဲ့ ၀တ်စုံကို ပြန်လဲ၀တ်လိုက်သည်။ ပြီးနောက် အ၀တ်ဗီရိုက မှန်ရှေ့နား သွားရပ်ပြီး ကိုယ့်ကိုယ်ကို ကြည့်နေလေသည်။ မှန်ထဲက ကိုယ့်ပုံရိပ်ကို ကြည့်ပြီး စိတ်ကျေနပ်တဲ့ အပြုံးလေး ပြုံးလိုက်လေသည်။ ပြီးနောက် အခန်းထဲက ထွက်လာခဲ့လိုက်တော့သည်။
အောက်ထပ်ကို ဆင်းလာတော့ ကော်ဖီခွက်ကိုကိုင်ရင်း စိုက်ကြည့်နေတဲ့ အကိုဖြစ်သူ စိုင်းဝီလျံဟိဏ်းကို ဇာမဏီဟိဏ်း တွေ့လိုက်ရလေသည်။ ဇာမဏီဟိဏ်းမှာ လေတစ်ချွန်ချွန်နှင့် လှေကားက ဆင်းလာရာကနေ လှမ်းမေးလိုက်တော့၏။
"အကို ကျွန်တော့်ကို ဘာလို့ စိုက်ကြည့်နေတာလဲ"
"အော်...... တစ်ခါမှ ကုမ္မဏီကို စောစောသွားတဲ့ သူဌေးကို မမြင်ဖူးလို့ ကြည့်နေတာလေ"
"ဟား.....ဟား.....အကိုကလည်း ဘာများလဲလို့" ဆိုကာ ဇာမဏီဟိဏ်း ခပ်ရို့ရို့လေး ရယ်ရင်း ပြောလိုက်သည်။
"တစ်ကယ် ကုမ္မဏီကို သွားတော့မှာပေါ့လေ"
"ဟုတ်တယ်လေ.... အလုပ် သွားတော့မှာလေ"
"မနက်ခြောက်နာရီကြီး.....အစောကြီးကိုလေ"
"အင်းလေ.....ဘာများ ဖြစ်နေလို့လဲ"
"ငါသိတာကတော့ သူဌေးတွေက ၀န်ထမ်းတွေရောက်ပြီးမှ လာရတာမဟုတ်ဘူးလား"
"ဟုတ်လား....အဲ့တာဆို ကျွန်တော်က အဲ့စနစ်ကို ဖျောက်ရတော့မယ်ထင်တယ်" ဟု ဇာမဏီဟိဏ်း တစ်ယောက် အကိုဖြစ်သူ စိုင်းဝီလျံဟိဏ်းကို ပြုံးပြီး ပြောလိုက်ပါလေသည်။
"ကဲ.....အဲ့တာဆို အစောကြီးသွားပြီး ကုမ္မဏီမှာ ဘာလုပ်မှာလဲ"
"အမ်......လုပ်စရာရှိလို့ပေါ့ အကိုရ၊ အကို့ကို ပြောပြလည်း သိလောက်မှာ မဟုတ်ပါဘူး" ဆိုကာ ဇာမဏီဟိဏ်း တစ်ယောက် ကားသော့ကို ယူကာ မြောက်ကြွမြောက်ကြွဖြင့် အိမ်ပြင်ထွက်သွားလေတော့သည်။
YOU ARE READING
အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}
Romanceမထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်မှာတွေ့ကြပြီး နှစ်ယောက်သား သံယောဇဉ်တွယ်လာခဲ့ကြတယ်။ တစ်နေ့ ဇာမဏီက ဘာမှ မပြောဘဲ ဇေယျာကို အဆက်အသွယ် ဖြတ်သွားခဲ့တယ်။ အချိန်တွေ ကြာလဲ့တဲ့အခါမှာ ဇ...