Ep 21(Uni+Zaw)

198 18 0
                                    

#Unicode#

ဇေယျာ တစ်ယောက် ခုတင်ရှေ့တွင် ရပ်နေသည်မှာ အတော်ပင် ကြာနေလေပြီ။ အကြောင်းကတော့ ခုတင်ပေါ်တင် ပုံထားသည့် အ၀တ်အစားကြောင့်ပင် ဖြစ်သည်။ ခုတင်ရဲ့ ခြေရင်းဘယ်ဘက်တွင် ဆောင်းတွင်း၀တ် ဆွယ်တာတွေနဲ့ အနွေးထည်တွေက ပုံလျက်သား။ ညာဘက်တွင်တော့ နွေရာသီ ၀တ်ရသည့် အ၀တ်အစား အပုံပင် ဖြစ်သည်။

အကြောင်းမှာ ရန်ကုန်ကို ဘယ်အ၀တ်အစား‌တွေ ထည့်ရမလဲ ဝေခွဲမရဖြစ်နေလို့ပင် ဖြစ်သည်။ ‌ရန်ကုန်ကို အရင်ငယ်ငယ်က သွားဖူးပေမယ့်လည်း၊ အလည်သဘောနေနဲ့ သွားခဲ့တာ ဖြစ်သည်။ သွားလည်း မနေဖူးတော့ ရန်ကုန်ဆောင်းက အရမ်းကြီးအေးလား၊ မအေးဘူးလား ဆိုတာကို မသိဖြစ်နေတော့သည်။ နောက်ဆုံး ဇေယျာ ဘာလုပ်ရမှန်း မသိတော့တာနဲ့ ခုတင်ပေါ် လဲချလိုက်လေသည်။ ခုတင်ပေါ် လဲလိုက်တာကြောင့် အ၀တ်အစားတစ်ချို့ပင် အောက်ကျကုန်တော့သည်။

ဇေယျာ လဲနေရင်းမှ ဖုန်းကို ယူလိုက်သည်။ အရင်ဆုံး လုပ်သည်က ဇာမဏီဟိဏ်းရဲ့ အကောင့်ကို ၀င်ကြည့်ခြင်းဖြစ်သည်။ ခုဆို မီးလည်း စိမ်းမနေတော့ပါ။ ဇေယျာ messenger appထဲကနေ ထွက်လိုက်ပြီး ဟိုပွတ်ဒီပွတ် လုပ်နေလေ၏။ ပွတ်နေရင်းကနေ ရုတ်တရက် ဖုန်းခေါ်ဖို့ အကြံရတော့သည်။ ဒါနဲ့ contactထဲ ၀င်ကာ "ထက်မြတ်မေဇင်" ဆိုတဲ့ နာမည်လေးကို ဖုန်းခေါ်လိုက်လေသည်။ ထိုနာမည်နဲ့သူသည် တစ်ခြားသူ မဟုတ် ဇေယျာရဲ့ အမအရင်းခေါက်ခေါက်ဘဲ ဖြစ်ချေသည်။ ရေမရောတဲ့ မောင်နှမ နှစ်ယောက်ပေါ့။

"ဟယ်လို မောင်လေး ပြော"

Speakerဖွင့်ထားတာကြောင့် အစ်မဖြစ်သူရဲ့ အသံက ဖုန်းထဲကနေ ကျယ်လောင်စွာ ထွက်လာတော့သည်။

"အင်း" ဆိုကာ ဇေယျာ မျက်နှာကြက်ကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ပြောလေ ဘာပြောမှာလဲ။ ဖုန်းကြီ ခေါ်လာပြီးတော့"
ထက်မြတ်မေဇင်ရဲ့ စိတ်မရှည်တဲ့ အသံက အခန်းတွင်း ပျံ့နှံ့သွားပြန်သည်။

"အမ ရန်ကုန်မှာလား" ဆိုပြီး ဇေယျာ မျက်နှာကြက်ကို ကြည့်‌နေဆဲကနေ မေးလိုက်သည်။

"အေးလေ ရန်ကုန်မှာပေါ့ဟဲ့"

"ရန်ကုန်ရဲ့ ဆောင်းတွင်းကလေ မူဆယ်တို့၊ လာရှိုးတို့လောက် အေးလား"

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now