Ep 9(Uni+Zaw)

545 65 4
                                    

#Unicode#

ရန်ကုန် အဝေးပြေးကားလမ်းမထက်ကနေ မောင်းနှင်လာတဲ့ ကားလေးဟာ ယခုဆိုလျှင် "လားရှိုးမြို့မှ ကြိုဆိုပါ၏"ဆိုသည့် ဆိုင်းဘုတ်ထောင်ထားတဲ့ လားရှိုးမြို့သို့ ရောက်လို့လာပြီဘဲ ဖြစ်သည်။ အချိန်ဟာဆိုရင်ဖြင့် နေမင်းကြီးက ခေါင်းပေါ်တည့်တည့်အချိန်ကို ရောက်လို့နေလေပြီ။ ကားနောက်ခန်းမှာ ထိုင်နေတဲ့သူသည် စီးကရက်ကို ထုတ်ကာ မီးညှိလိုက်သည်။ စီးကရက်ကို မီးညှိပြီးတာနဲ့  တစ်ဖွာလောက်ဖွာလိူက်သည်။ စီးကရက်‌ အငွေ့များဟာ ကားထဲ ပျံ့လွင်ြလို့ သွားလေသည်။ ဒါနဲ့ ထိုသူလည်း ကားမှန်ကို ချက်ချင်း ချလိုက်‌ လေတော့၏။ ကားမှန်ချလိုက်လျှင်ပင် လေများက ကားထဲကိုအတင်း တိုးဝှေ့လာတော့သည်။ စီးကရက်ငွေ့များလည်း လေနှင့်အတူ ပျံ့လွင့်လို့သွားလေသည်။ ထိုသူမှာတော့
စီးကရက်ကိုင်ထားတဲ့ လက်ကို ကားမှန်လေးပေါ်တင်ထားလိုက်သည်။ တစ်ကယ်ပင် ထိုသူသည် လုံး၀ကို စတိုင်မိုက်လွန်းလှသည်။

ကားမောင်းနေတဲ့ မောင်သက်မှာ မှန်ကနေတစ်ဆင့် နောက်ခန်းကို ကြည့်ကာ ပြုံးလိုက်သည်။ ကားနောက်ခန်းမှာ ထိုင်နေတဲ့သူကား စီးပွားရေးနယ်ပယ်မှာ အသက်ငယ်ငယ်နဲ့ နာမည်ရနေတဲ့သူပင်။ ထိုသူကား ခွန်စ၀မ် (ခေါ် ) စိုင်းဝီလျံဟိဏ်းပင်။ ခွန်စ၀မ်လို့ဘဲပြောပြော၊ စိုင်းဝီလျံဟိဏ်းလို့ဘဲပြောပြော စီးပွားရေးနယ်ပယ်မှာ မသိတဲ့သူမရှိ။ ရုပ်ရည် တည်ကြည်ခန့်ညားမှု၊ စီးပွားရေးလုပ်တဲ့နေရာမှာ အမြင်ရှိမှုတို့ကြောင့် လုပ်ငန်းရှင်များကြားတွင် နာမည်ကြီးလေသည်။

သတင်းတွေထဲမှာတောင် ဖော်ပြခြင်းခံရလောက်အောင် နာမည်ကြီးသူ တစ်ယောက် ဖြစ်သည်။ သုံးနှစ်တာအတွင်း စိုင်းဝီလျံဟိဏ်း၏ စီမံခန့်ခွဲမှု ကောင်းမွန်မှုကြောင့် 'Shine Hotel'ဟာဆိုရင်လည်း ပြတွင်းသာမက၊ ပြည်ပကနိုင်ငံခြားသားတွေအထိပါ နာမည်ကြီးလေသည်။ နောက်ပြီး 'Shine Hotel'တွင် နိုင်ငံခြားသားတွေသာ တည်းခိုမှုများလတော့၏။ ပြီးတော့လည်း တည်းခိုသူများ၏ မှတ်ချက်ကောင်းတွေကို ရယူထားသည့် ကြယ်ငါးပွင့် ဟိုတယ်တစ်ခုပင်တည်း။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now