Ep 26(Uni+Zaw)

183 20 1
                                    

#Unicode#

"ကျွန်တော့် နာမည်က သူရမောင်ပါ"

ဇေယျာက မေးလိုက်တာကြောင့် မြန်မာပုဆိုးနဲ့ တိုက်ပုံ ၀တ်ထားပြီး ဇေယျာရှေ့မှာ ရပ်နေတဲ့ ကောင်လေးက ပြန်ဖြေလေသည်။ ဇေယျာရဲ့ အမေးစကားကို ပြန်ဖြေသော်လည်း
ဇေယျာကား ကြောင်တောင်တောင် ဖြစ်လို့နေလေသည်။ ထိုမှ ထိုကောင်လေးက ဇေယျာ့ကို ထပ်ပြောလိုက်ပြန်သည်။

"ကျွန်တော်က ပန်းချီဆရာ သူရမောင်ပါ.....ပြောရရင်
ဦးသူရမောင်ပါ"

"ဟင်......ပန်း....ပန်းချီဆရာ"

ဇေယျာရဲ့ ပါးစပ်ကနေ လွတ်ခနဲ ထွက်သွားသည်။ ပြီးနောက် အံ့ဩမှင်သက်လျက် ဖြစ်နေလေသည်။ ပန်းချီဆရာ သူရမောင်မှာ ဇေယျာကို ကြောင်ကြည့် ကြည့်နေတော့သည်။ ပြီးကာမှ မျက်မှောင်ကြုတ်ကာ ဇေယျာကို တစ်ခုခု ပြောလေသည်။

"ဟုတ်ပါတယ် ကျွန်တော်က ပန်းချီဆရာပါ ခင်ဗျ.....တစ်နည်း ပြောရရင် Shine five star hotelကနေ စာပို့ပြီး တွေ့ရအောင်လို့ပြောတဲ့ သူရမောင်ပါ"

"ဟုတ်.....ဟုတ် ဟုတ်ကဲ့ပါ....ကျွန်တော်က ဒီဟိုတယ်ရဲ့ အတွင်းရေးမှူး ဇေယျာထက်မြတ်ပါ"

"ဟုတ်ကဲ့" လို့ သူရမောင် ဖြေပြီး အခန်းတွင်း ဝေ့ကြည့်လိုက်သည်။ ပြီးတော့ ဇေယျာကို ပြန်ကြည့်ကာ မေးလေသည်။

"ဒါနဲ့ ဒီက အတွင်းရေးမှူးဆိုတော့ သူဌေးကရော မတွေ့မိပါလား"

"အော်.....ဟုတ် ကိုဟိဏ်းက....."
လို့ ဇေယျာ ပြောထွက်သွားပြီး ဆက်မပြောတော့ဘဲ ခဏရပ်လိုက်သည်။ ပြီးကာမှ စကားပြန်ပြင်ပြောလိုက်ရလေသည်။

"ဟိုလေ သူဌေးက အစည်းအဝေးရှိလို့ ခဏ ထွက်သွားပါတယ်"

"အော်.....ဒါဆို စောင့်ရမှာပေါ့"

"ဟုတ်ပါတယ်"

"ဒါဆို ဟိုမှာ ထိုင်ပြီး စောင့်လို့ရတယ်မလား"
ဆိုကာ သူရမောင် ဆိုဖာနေရာလေးကို လက်ညိုးထိုးပြလိုက်သည်။

"အော် ဟုတ် ရပါတယ်.....စကားကောင်းနေတာနဲ့ဘဲ ထိုင်ခိုင်းဖို့တောင် မပြောလိုက်ရဘူး.....အားနာလိုက်တာ"

"ရပါတယ်....ကျွန်တော်လည်း မေးနေမိတာကိုး"

"ဟုတ်...ဟုတ် ထိုင်ပြီးတော့ အေးအေးဆေးဆေး စောင့်ပါနော်"

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now