Ep 25(Uni+Zaw)

182 20 2
                                    

#Unicode#

မနက်ခင်း စောစော တစ်ခုတွင် လူအများက ကန်ဘောင်မှာ ပြေးလွှားကာ လေ့ကျင့်ခန်း လုပ်နေကြသည်။ မနက် ခြောက်နာရီ ဆိုတော့ ရန်ကုန်မြို့သည်လည်း မြူခိုးလေးတွေ အနည်းငယ် ရစ်ဆိုင်းလို့နေ‌လေသည်။ ထိုကဲ့သို့ မနက်အစောကြီး အချိန် တိုက်ခန်းတစ်ခုတွင်တော့ ကောင်လေးနှစ်ယောက် မနိုးကြသေးပေ။

ဇေယျာ တစ်ယောက် အိပ်နေရင်းမှ အလင်းရောင်က မျက်နှာပေါ် ကျရောက်လာတာကြောင့် မျက်မှောင်ကြုတ်လိုက်တော့သည်။ နေရောင်လေးက တစ်စတစ်စ ကျယ်ပြန့်လာကာ အခန်းတွင်း လင်းထိန်လာလေ၏။ ဒါကြောင့်ဘဲ ဇေယျာ တစ်ယောက် နိုးလာချေတော့သည်။ ဇေယျာ နိုးနိုးချင်း လက်ဖြင့် မျက်နှာကို အသာအယာ ပွတ်သတ်နေလေသည်။

ပြီးကာမှ ဘေးကိုကြည့်လိုက်မိတော့သည်။ ဇာမဏီဟိဏ်းကတော့ နှစ်နှစ်ခြောက်ခြောက် အိပ်ပျော်နေလေရဲ့။ ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းကို ကြည့်ကာ ပြုံးလိုက်ပြီး ခုတင်ပေါ်ကနေ ဖွဖွလေး ထလိုက်လေသည်။ ပြီးနောက် အသာအယာလေး လျှောက်လှမ်းကာ ကိုယ်လုံးကြည့်မှန်နားသို့ သွားရပ်လိုက်လေသည်။

မှန်ပေါ်တွင် ည၀တ်အင်္ကျီ pajamas အပွလေးနှင့် ဆံပင်တွေက ရှုပ်ယှက်ခပ်နေတဲ့ ဇေယျာပေါ့။ ဇေယျာ ကိုယ့်ပုံကို မှန်ထဲကနေ ပြန်မြင်ရင်း သဘောတွေ ကျနေတော့သည်။ ပြီးနောက် ရှုပ်ယှက်ခပ်စွာ ဖွယောင်းယောင်းဖြစ်နေတဲ့ ဆံပင်ကို လက်ဖြင့် အသာအယာ သပ်ချနေလေသည်။ မှန်ကိုကြည့်ရင်း ဆံပင်သပ်နေရင်းမှ လည်ပင်းနားလေးက ရဲတွတ်စွာ နီမြန်းနေတဲ့ အကွက်လေးကို မြင်လိုက်ရတော့သည်။

ဇေယျာ ပိုသေချာအောင် မှန်နားကပ်ကာ ကြည့်ကြည့်လိုက်လေသည်။ တစ်ကယ်ကို နီရဲတွတ် နီနေတော့တာ။ ဇေယျာ နောက်လှည့်ကာ ခုတင်ပေါ်မှာ နှစ်ခြောက်စွာ အိပ်ပျော်နေတဲ့ ဇာမဏီဟိဏ်းကို မျက်စောင်းထိုးကာ ကြည့်လိုက်လေတော့၏။

ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ မနေ့ညတုန်းကပေါ့။
ဇေယျာနှင့် ဇာမဏီဟိဏ်းတို့ ညစာစားပြီးတော့ ပင်ပန်းသည်ဆိုကာ စောစော အိပ်ရာ၀င်ကြတော့သည်။ ထိုအနီကွက်တွေ လက်ချက်ကတော့ ဇာမဏီဟိဏ်းဘဲပေါ့။ မနေ့က မအိပ်ဘဲ ဘာတွေ အရူးထနေမှန်း မသိဘူး။ ဇေယျာ့ကို စိုက်ကြည့်ရင်း စိုက်ကြည့်နေတော့တာ။ ဘာလုပ်ပေးရမလဲ မေးတော့လဲ ဘာမှ မဟုတ်ဘူးတဲ့လေ။ ဒီလိုနဲ့ ဇာတ်လမ်းက စရော။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now