Ep 28(Uni+Zaw)

194 20 5
                                    

#Unicode#

ဇာမဏီဟိဏ်းရဲ့ "၀န်ခံစရာ ရှိပါတယ်" ဆိုတဲ့ စကားကြောင့် dinning roomခန်းထဲမှာ ရှိနေကြတဲ့ ဧည့်သည်တွေ အပါအ၀င် ရှယ်ယာရှင်တွေပါ ငြိမ်သက်ပြီး ဇာမဏီဟိဏ်းကို ကြည့်နေကြတော့၏။

ဇာမဏီဟိဏ်းမှာတော့ စင်ပေါ်ကနေ ဇေယျာကို ရှာနေတော့သည်။ ရှာနေရင်းမှ ချစ်ရသူ ဇေယျာဟာ မိမိကို ကြည့်နေသည်ကို တွေ့သွားလေသည်။ ဒါကြောင့် ဇာမဏီဟိဏ်း ချောင်းတစ်ချက် ဟန့်ပြီး ပြောစရာရှိတာကို ဆက်ပြောလေသည်။

"အဟန်း.....ကျွန်တော် ပြောပြချင်တာကတော့...... ကျွန်တော်က........."

ဇာမဏီဟိဏ်း ပြောနေရင်း ခဏ ရပ်လိုက်သည်။ ဇာမဏီဟိဏ်းမှ ပြောနေရာကနေ ရုတ်တရက်ကြီး ရပ်ချလိုက်တော့ dinning roomက သူများမှာ ပိုပြီး သိချင်စိတ်တွေ ပြင်းပြလာလေတော့သည်။ ဦးရှိုင်းတေဇဟိဏ်းမှာလည်း သားဖြစ်သူကို စောင့်ကြည့်နေလေသည်။ ဇေယျာလည်း ဒိအတိုင်း ဆက်စောင့်ကြည့်လိုက်တော့သည်။

ထိုတွင် ဇာမဏီဟိဏ်း တစ်ယောက် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးကာမှ

"ကျွန်တော်ဟာ..... လိင်တူကြိုက်နှစ်သက်တဲ့ ဂေးတစ်ယောက်ပါဘဲ" ဆိုပြီး ခပ်ပြတ်ပြတ် ပြောလိုက်လေတော့သည်။

ဇာမဏီဟိဏ်းရဲ့ စကားအပြီး dinning roomထဲ ဆူညံပွက်လောက်ရိုက်သွားတော့သည်။ ဖခင်ဖြစ်သူ ဦးရှိုင်းတေဇဟိဏ်းမှာဘည်း ကြက်သေ သေသလို ဖြစ်သွားလေသည်။ ဧည့်သည်တွေကော၊ ဟိုတယ်၀န်ထမ်းတွေကပါ တီးတိုး တီးတိုးဖြင့် ပြောနေကြတော့သည်။

ဒါပေမယ့် ဇာမဏီဟိဏ်းကတော့ ထိုတီးတိုးတီးတိုးနဲ့ ပြောနေကြတဲ့ ဆူညံသံတွေကို ဂရုစိုက်မနေဘဲနဲ့ မိမိပြောစရာရှိတာကိုသာ ဆက်ပြောတော့သည်။

"ဟုတ်ပါတယ် ကျွန်တော်က ဂေးတစ်ယောက်ပါ။ ဒါပေမယ့်လည်း ကျွန်တော်က လူထဲက လူတစ်ဦးပါဘဲလို့ ပြောချင်ပါတယ်။ ပြီးတော့ ကျွန်တော့် ချစ်သူကိုပါ တစ်ဆက်တည်း ကြေငြာပေးပါရစေ.....ဟိုးနားဝိုင်းမှာ ရပ်နေတဲ့သူကတော့ ကျွန်တော့်ရဲ့ ချစ်သူပါ။ အတွင်းရေးမှူး ဆိုလည်း မမှားပါဘူး" ဆိုကာ ဇာမဏီဟိဏ်း တစ်ယောက် ဇေယျာကို ညွှန်ပြကာ ပြောနေပါတော့သည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now