Ep 14(Uni+Zaw)

269 24 13
                                    

#Unicode#

ဇာမဏီဟိဏ်းရဲ့ ကိုယ်ဟာ ဇေယျာနဲ့ နီးသထက် နီးလာသည်။ ဇေယျာ ချက်ချင်းဘဲ မျက်လုံး မှိတ်ထားလိုက်သည်။ ဇာမဏီဟိဏ်းရဲ့ ကိုယ်သင်း ရနံ့လေးကိုတောင် ရနေသည်။ ပြီးနောက် ဇာမဏီဟိဏ်းရဲ့ အသက်ရူရှိုက်သံကိုပါ ဇေယျာ ကြားနေရတော့သည်။ ဇေယျာ စောင့်နေလိုက်မိသည်။
ဇေယျာရဲ့ နှုတ်ခမ်းလေး စိုစွတ်သွားမှာကိုပေါ့လေ။ ထိုအချိန်မှာဘဲ အဖျက်က ၀င်လာလေတော့၏။

"ဆရာ ဥက္ကဌက ဆရာနဲ့ ပြောချင်လို့ပါတဲ့" ဆိုသည့်
ဖုန်းထဲကနေ အတွင်းရေးမှူးအသံက ထွက်ပေါ်လာတော့သည်။

ဇေယျာ ချက်ချင်းဘဲ မှိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လိုက်သည်။ ပြီးတော့ ဇာမဏီဟိဏ်းကို ကြည့်လိုက်လေသည်။ ဇာမဏီဟိဏ်းသည်လည်း ဇေယျာ့ကို ကြောင်ပြီး ကြည့်နေတော့၏။ ပြီးနောက် ဇေယျာ့ ကိုယ်လေးကို ကိုင်ထားရာကနေ လွတ်လိုက်ပြီး ‌ဇာမဏီဟိဏ်း တစ်ယောက် စားပွဲနား သွားလိုက်ပါလေသည်။ ‌‌နောက်ပြီး ဇေယျာ့ကို ကြည့်လာကာ

"‌ချစ် ခဏလောက် အပြင်ထွက်ပေးပါအုန်းနော်" ဆိုပြီး ပြောလိုက်လေသည်။

‌ချစ်ရသူ ဇာမဏီဟိဏ်းက တောင်းဆိုလာတော့ ‌ဇေယျာလည်း အပြင်ကို ထွက်နေပေးလိုက်သည်။ ဇေယျာ အပြင်ကို ထွက်ပြီးတော့ တံခါးကို  သေသေချာချာလေး ပိတ်လိုက်သည်။

ပြီးတော့ "ဟွန့် ကောင်းခန်းရောက်နေပြီဆို အမြဲတမ်း အဖျက်က၀င် ၀င်‌၀င်လာတယ်" ဆိုကာ ဇေယျာ ဆူပုတ်ပြီး တိုးတိုးလေး ပြောလိုက်ပါလေသည်။

ဇေယျာ တိုးတိုးလေး ပြောလိုက်တာကို အနားမှာ ရှိနေတဲ့အတွင်းရေးမှူးက ကြားသွားသည်နှင့် တူပါရဲ့။ မခို့တရို့လေးချောင်းကြည့်နေတာကို ဇေယျာ တွေ့လိုက်ရလေသည်။ ဒါနဲ့ ဇေယျာလည်း ရှက်ရှက်နဲ့ အတွင်းရေးမှူးကို  ပြုံးပြလိုက်ပြီး အောက်ထပ်ကို ဆင်းသွားလိုက်ရတော့သည်။ ထိုအတွင်းရေးမှူးကတော့ ပြုံးရင်း ကျန်ခဲ့လေရဲ့။

ဇာမဏီဟိဏ်း တစ်ယောက် ချောင်းဟန့်လိုက်သည်။ ပြီးနောက် ထိုင်ခုံမှာ ကျကျနန ထိုင်လိုက်ပြီး ဖုန်းကိုင်လိုက်လေသည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now