Ep 23(Uni+Zaw)

197 24 2
                                    

#Unicode#

သာယာလှတဲ့ မနက်ခင်းတစ်ခု၀ယ် ဇေယျာ တစ်ယောက် စိတ်လှုပ်ရှားကာ အိပ်ရာမှ အစောကြီး နိုးနေတော့သည်။ အကြောင်းကား ပထမဆုံး ဇာမဏီဟိဏ်းနဲ့ အတူတူ အလုပ်လုပ်ရမှာ မလို့ပင် ဖြစ်သည်။ အခုလည်း မြောက်ကြွမြောက်ကြွဖြင့် ရေချိုးခန်းသို့ ၀င်သွားလေ‌ပြီ။

ရေချိုးခန်းထဲ ၀င်ပြီး မကြာလိုက် ပြန်ထွက်လာတော့၏။ ရေချိုးခန်းက ထွက်လာပြီးရင်လည်း ငြိမ်ငြိမ်မနေပါ။ အပေါ်ချွတ်ကြီးနှင့် အ၀တ်သေတ္တာထဲက အ၀တ်တွေကို မွှေနှောက် ရှာနေတော့သည်။ ရန်ကုန်ဆောင်းရဲ့ သိပ်မအေးတာကြောင့် ဇေယျာ အခုလို အပေါ်ချွတ်ဖြင့် နေနိုင်တာ ဖြစ်သည်။ အ၀တ်‌သေတ္တာထဲက အ၀တ်တွေ ဖွလို့ပြီးသွားတော့ ဗီရိုရှေ့ကို သွားပြန်သည်။

လက်က ကိုင်လာတဲ့ အင်္ကျီကို ကိုယ်ပေါ်တင်ရင်း တိုးတိုး တိုးတိုး ပြောတော့သည်။

"ဒါနဲ့ဆိုရင် ပထမဆုံး အလုပ်သွားမှာကို အရမ်း ပိုလွန်းသွားမလားဘဲ"

လက်ထဲက ပလင်းပလင်းဖြစ်နေတဲ့ ရှပ်အင်္ကျီကိုကိုင်ရင်း ပြောနေလေသည်။ ပြီးနောက် ခုတင်ပေါ်ကို ပြန်ပြီး ပစ်တင်လိုက်တော့၏။ ပြီးတာနဲ့ လက်ထဲကနေ နောက်တစ်ထည်ကိုကိုယ်ပေါ် တင်ကြည့်ပြန်လေသည်။

"ဒါလေးဆိုရင်ကော ပထမဆုံး အလုပ်သွားတဲ့နေ့နဲ့ ကိုက်ပါ့မလား"

ဇေယျာ ကိုယ့်ဘာသာ တစ်ယောက်ထဲ ပြောရင်း မျက်မှောင်ကြုတ်လိုက်လေသည်။ ပြီးနောက် တီးတိုးပြောပြန်သည်။

"ခဏနေပါအုန်း ငါ့ရဲ့ ပထမဆုံး အလုပ် လုပ်တဲ့နေ့က မနေ့က ပုံတုံးတုံး interview အင်္ကျီနဲ့ ပြီးသွားတာကြီး မဟုတ်လား" ဆိုကာ လျှော်မယ့် ခြင်းတောင်းကို တစ်ချက်ကြည့်လိုက်လေသည်။

ပြီးနောက် ခုတင်ဖက် ပြန်သွားကာ ဒီအတိုင်း ၀တ်နေကြ ၀တ်စုံကိုသာ ‌ယူပြီး ၀တ်လိုက်တော့သည်။ တစ်ဖန် ဗီရိုနားသွားကာ မှန်သွားကြည့်ပြန်လေသည်။ စိတ်တိုင်းကျပြီဆိုကာမှ အခန်းထဲက ထွက်လာတော့သည်။ အခန်းက ထွက်ပြီးသည်နှင့် မီးဖိုဘက်ကို သွားကာ ရေခဲသေတ္တာကို မွှေကြည့်ပြန်တော့သည်။ ရေခဲသေတ္တာထဲက ကြက်ဥနှင့် ထမင်းအိုးယူပြီး မနက်စာအဖြစ် ထမင်းကြော် ‌လုပ်လိုက်ရလေသည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now