Ep 5(Uni+Zaw)

789 81 7
                                    

#Unicode#

"ဟင်.....ခင်....ခင်များ...ကိုဟိဏ်း" ဟု ဇေယျာ အော်လိုက်မိသည်။ ‌

ချက်ချင်းပင် ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းရဲ့ လက်ကို ဆွဲပြီး ခြံပြင်၏ ဘေးနားဘက်သို့ ခေါ်သွားလေ၏။ ခြံနဲ့ဝေးရာဘက်ကို ရောက်တော့ ဇေယျာ ရပ်လိုက်ကာ ဇာမဏီဟိဏ်းလက်ကို လွတ်လိုက်သည်။ ပြီးနောက် လက်ပိုက်ထားလိုက်တော့သည်။

"ခင်များ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ" ဆိုကာ
ဇေယျာ လေသံမာမာဖြင့် ‌ဇာမဏီဟိဏ်းကို မေးလိုက်သည်။

"အံ့ဩသွားတယ်မလား ဇေယျာ"

"အံ့ဩတာ မအံ့ဩတာခဏထားပါ ဘယ်လိုရောက်လာတာလဲလို့ ခင်ဗျားကို မေးနေတယ်လေ"

"အော် အဲ့တာကလား...ကို မင်းဆိုင်ကို သွားလို့ သိလာတာလေ"

"ဆိုင်ကို"

"ဟုတ်တယ် ဇေယျာများ ရှိနေမလားလို့ သွားတာ ဆိုင်ကကောင်လေးက ပြောပြလိုက်လို့.... ဒီလိုက်လာတာလေ"

ဆိုင်ကကောင်လေးလို့ ပြောလိုက်သည်နှင့် မိုးထက်ပြောပြလိုက်မှန်း ဇေယျာ ချက်ချင်း သိ‌လိုက်လေပြီ။

"ဟုတ်ပါပြီ ဒါဆို အိမ်ကရော ဘယ်လိုသိတာလဲ"

"အိမ်ကလား....အမ်"

"ဘာလဲ ဇေယျာနောက်ကို လူလွတ်ထားတာလား.....ဟုတ်တယ်မလား"

"အား...အဲ့လိုမဟုတ်ပါဘူး..ကို နန်းကို မေးကြည့်လိုက်တာ"

"နန်းစုတ်မ ပြောကိုပြောလိုက်သေးတယ်"ဆိုပြီး ဇေယျာ တီးတိုး ရေရွတ်လိုက်လေသည်။

တီးတိုးရွတ်တာကို ဇာမဏီဟိဏ်းက ကြားသွားသေးသည်။

"နန်းကို အဲ့လိုမပြောပါနဲ့....ကိုက အတင်းမေးလို့ သူကဖြေရတာပါ"

"ထားပါတော့ နန်းကော မင်္ဂလာဆောင် ကောင်းကောင်းပြီးသွားရဲ့လား"

"အင်း ခလေး"ဆိုပြီး ‌ဇာမဏီဟိဏ်း ပြောမိ‌သွားတော့
ဇေယျာ မျက်စောင်းထိုးလိုက်သည်။

ဒါနဲ့ ဇာမဏီ တစ်ယောက် စကားလမ်းကြောင်းလွှဲလိုက်လေသည်။

"ဟို ဇေယျာ ပြန်သွားလို့ဆိုပြီး စိတ်မကောင်းဖြစ်သွားတာ တစ်ခုပါဘဲ"

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now