#Unicode#
"ဟူး"
"ဟူး"
"ဟူး"
ဇေယျာ တစ်ယောက် ဆိုင်ရဲ့ ကောင်တာမှာ ထိုင်ပြီး လက်လေးထောက်ကာ သက်ပြင်းချနေသည်မှာ အခေါက်ပေါင်း မနည်းတော့။ သက်ပြင်းချတိုင်းလည်း ဘေးက မိုးထက်က ဇေယျာ့ကို ချောင်းချောင်း ကြည့်တော့သည်။ ဒါပေမယ့်လည်း ဇေယျာကတော့ သက်ပြင်းချမြဲ သက်ပြင်းချဆဲပါဘဲ။
အကြောင်းကတော့ ဇေယျာကို ဇာမဏီဟိဏ်း မဆက်သွယ်လို့ဘဲ ဖြစ်သည်။ မဆက်သွယ်သည်မှာ နှစ်ရက်လောက် ရှိလေပြီ။ ဖုန်းနဲ့လဲ မဆက်သွယ်သလို၊ messengerမှာလည်း မဆက်သွယ်ခဲ့ပေ။ အဲ့နေ့ကပေါ့။ အဲ့နေ့က စပြီး မဆက်သွယ်တာလို့ ဇေယျာ သတိထားမိလိုက်သည်။ အဲ့နေ့က ဇာမဏီဟိဏ်း တစ်ယောက် အရေးကြီး ကိစ္စလို့ ပြောကာ
လောလောပြာပြာနဲ့ ထွက်သွားတာကို ဇေယျာ မှတ်မိနေသေးသည်။အဲ့နေ့ပြီး နောက်နေ့မှာဘဲ ဆိုင်ကို လူတစ်ယောက် ရောက်လာတော့သည်။ မေးကြည့်တော့ ဇာမဏီဟိဏ်းက ကားလာပို့ခိုင်းတယ်ဆိုပြီး ပြောကာ ပြန်သွားလေရဲ့။ ပြီးတော့ messenger ကနေ messageပို့လာသည်။
"အရေးကြီး အစည်းအဝေးရှိလို့ အိမ်ကို ခဏမလာခဲ့ပါအုန်း။ နှစ်ရက်လောက်ပေါ့နော်" လို့ ပို့လာတာ ဖြစ်သည်။
ပြောရရင်တော့ အဲ့စာပို့ပြီးကတည်းက ထပ်ပြီး ဆက်မသွယ်လာတော့သာ ခုထိလို့ ဆိုရမည်။ ဇေယျာ စာတွေပို့ထားတော့လည်း ဘာမှ ပြန်မပို့လာပေ။ ပြောရရင် ဇေယျာ ပို့ထားတဲ့ စာတွေကို seenတောင် မပြတော့တာ ဖြစ်သည်။
အစကတော့ ဇေယျာလည်း အလုပ်ရှုပ်နေလို့ပါ ဆိုပြီး ဖြည့်တွေးလိုက်သေးသည်။ ဒါပေမယ့်လည်း ဇေယျာ ပို့လိုက်တဲ့ messageတိုင်းကို seen မပြတော့ ဇေယျာလည်း စိတ်ပူလို့လာလေတော့သည်။
"နေကော ကောင်းရဲ့လား။ အစားကော ပုံမှန်စားရဲ့လား။" ဆိုပြီး မတွေးရ မနေနိုင် အချိန်တိုင်း တွေးနေမိတော့၏။ အခုလည်း နေ့လည်ခင်း ရောက်ချေပြီ။
"နေ့လည်စာ စားနေပြီလား" ဆိုတဲ့ စာသားကို ပို့ထားပြီးပေမယ့်လည်း ဇာဏီဟိဏ်းဆီက ပြန်စာမရသေးပေ။ အမှန်တိုင်း ပြောရရင် ရှေ့ရက်က စာတွေကိုလည်း ပြန်စာ မရသေးတာ ခုပို့လိုက်တဲ့ စာအထိပင်။
YOU ARE READING
အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}
Romanceမထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်မှာတွေ့ကြပြီး နှစ်ယောက်သား သံယောဇဉ်တွယ်လာခဲ့ကြတယ်။ တစ်နေ့ ဇာမဏီက ဘာမှ မပြောဘဲ ဇေယျာကို အဆက်အသွယ် ဖြတ်သွားခဲ့တယ်။ အချိန်တွေ ကြာလဲ့တဲ့အခါမှာ ဇ...