Episode - 2

5.7K 217 2
                                    

"အား...ကျွတ်ကျွတ်"

အိပ်ယာကနိုးတာနဲ့ မျက်စိနှစ်လုံးမဖွင့်ရသေးခင်မှာပင် နာကျင်မှုစူးစူးဝါးဝါးကြောင့် ကျွန်တော်ညည်းညူလိုက်မိတယ်...။ တဖြည်းဖြည်းနဲ့ ခေါင်းထဲတန်းစီဝင်လာတဲ့ အကြောင်းအရာတွေကြောင့် ကျွန်တော့်ကိုယ့်ကိုကိုယ်တောင် မသတီချင်တော့ဘူး...။ ကျွန်တော်ဘာလို့များ အခုလိုအနိုင်ကျင့်ခံရတာလဲ..?? ယောင်္ကျားချင်းအတူတူ ကျွန်တော်ကဘာလို့ သူ့ထက်အားနည်းနေရတာလဲ...??

မျက်ဝန်းထောင့်ကစီးကျလာတဲ့ မျက်ရည်တွေကို လက်နဲ့သုတ်လိုက်ရင်း အိပ်ယာပေါ်ကနေထဖို့ ကျွန်တော်ကြိုးစားမိပြန်တယ်...။ သို့သော် ခန္ဓာကိုယ်အောက်ပိုင်းဆီက ဆိုးဆိုးရွားရွားနာကျင်မှုကြောင့် ဘယ်လိုမှထလို့မရ...။ ဘေးမှာလည်း တညလုံးကျွန်တော့်ကိုဖက်အိပ်ခဲ့တဲ့ဟိုလူ မရှိတော့ပေ...။ သူရှိနေတော့ရော ကျွန်တော်ဒေါသဖြစ်ရုံပဲရှိမှာ...။

"နိုးလာပြီလား Baby"

ဘုရားရေ သူ့အကြောင်းတွေးနေတုန်းရှိသေးတယ်...။ သူကကျွန်တော့်ရှေ့ကိုရောက်လာပြီလေ...။ အစတည်းကသိသင့်တယ် အခန်းတံခါးကြီးကဖွင့်ထားတယ်ဆိုတာ...။ သူအလွယ်တကူဝင်ထွက်လို့ ရနေတာပဲကို...။

မုန်းတီးနေပေမယ့်လည်း ကျွန်တော့်အကြည့်က ဖျတ်ခနဲသူ့ဆီရောက်သွားတယ်...။ သူကကြက်သွေးရင့်ရောင် Bathrobe ကြီးကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည်းဝိုင်ခွက်တစ်ခွက် ကိုင်ထားသေးတယ်...။ မနက်စောစောစီးစီးမှာတောင် သူကအရက်သေစာတွေ သောက်စားနေတတ်တာပဲ...။ မုန်းတီးစွာကြည့်နေမိပေမယ့် သူချောမောခန့်ညားတာကိုတော့ ငြင်းလို့မရပါ...။

ဆံပင်ကိုနဖူးပေါ်အောင်လှန်သိမ်းထားတာကြောင့် သူ့ရဲ့ရုပ်ရည်ခန့်ညားမှုက ပိုမိုပေါ်လွင်စေတယ်လေ...။ မျက်ရစ်မရှိတဲ့ မျက်ဝန်းရှည်မျောမျောတွေက အာဏာရှင်ဆန်စွာ စူးရဲတောက်ပနေသလို ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးပါးကလည်း ဆွဲဆောင်မှုကောင်းလွန်းနေပြန်တယ်လေ...။

"ဘာလို့ကိုယ့်ကိုအဲ့လောက်တောင် ကြည့်နေတာလဲ Baby လေးရဲ့... ဟမ်...??"

I Own You (Completed) Where stories live. Discover now