Episode - 16

1.8K 71 1
                                    

အထီးကျန်လွန်းတယ်... ရုတ်တရတ်ကြီးခုလို ခွဲခွာရမယ်လို့ ဘယ်သူကထင်မှာလဲ...?? အထူးသဖြင့် ကျွန်တော့်ကိုသိပ်ချစ်ပါတယ်လို့ တဖွဖွပြောခဲ့ဖူးတဲ့သူနဲ့ပေါ့...

ခင်ဗျားသိပ်တော်ပါတယ် Jung Yunho...
ဒါပေမယ့် ကျွန်တော်ကခင်ဗျားထင်တာထက် ခေါင်းမာတဲ့သူလေ... ခင်ဗျားချပေးခဲ့တဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးခဲ့ပေမယ့် ကျွန်တော်အခုခင်ဗျားနဲ့ အဝေးဆုံးကို ပြေးထွက်လာခဲ့ပြီ...

ရူးမိုက်တယ်ပဲပြောပြော Jung Yunho က ကျွန်တော့်ရဲ့ယောင်္ကျားအနေနဲ့ပဲ တသက်လုံးရှိနေရမယ်... ခင်ဗျားကိုယ်တိုင် ချည်နှောင်ခဲ့တဲ့ကြိုးကို ကျွန်တော်ကလဲလွယ်လွယ်နဲ့ ပျက်စီးသွားခွင့် မပေးနိုင်ဘူးလေ... ယုံကြည်ပါတယ် တနေ့ခင်ဗျားအဲ့ဒီ့မိန်းမကို စိတ်ကုန်သွားခဲ့ရင် ကျွန်တော့်ဆီပြန်လာလိမ့်မယ်လို့...

ကျွန်တော်စီးလာတဲ့ကားက မွေးရပ်မြေဖြစ်တဲ့အင်ချွန်းကို ဆိုက်ရောက်လာပြီ... ကားပေါ်ကဆင်းလိုက်ပြီး လက်ဆွဲအိတ်ကိုကားအောက်ကနေ အရင်ဆုံးထုတ်ယူလိုက်တယ်... မွေးရပ်မြေကိုပြန်လာရတာ အခုတခေါက်မှာတော့ ပျော်ရွှင်မှုမရှိတော့သလိုပင်...

"Heyy Jaejoong ပြန်လာပြီလား...?? အရင်နှစ်ကတောင် မင်းပြန်မလားလို့မျှော်နေကြတာ"

လမ်းမှာနှုတ်ဆက်လာသမျှအသိမိတ်ဆွေတွေကို ကျွန်တော်ခေါင်းသာညိတ်ပြပြီး အတတ်နိုင်ဆုံးပြုံးပြလိုက်တယ်... အရင်ကသာဆိုရင် ကျွန်တော်ပြန်လည် နောက်ပြောင်ပြောဆိုမိမှာပဲ... လောလောလတ်လတ် အသည်းကွဲထားတဲ့ကျွန်တော် ကိုယ့်ကိုကိုယ်ရပ်တည်ဖို့တောင် မနည်းကြိုးစားနေရတာ...

"သားလေးပြန်လာပြီ"

အိမ်ထဲကနေအပြေးလေးထွက်ကြိုတဲ့ ကျွန်တော့်အမေက မတွေ့တာကြာတာတောင်မှ ထူးထူးခြားခြား အိုမင်းရင့်ရော်သွားတာမျိုး မရှိသလိုပင်... အမေ့ကိုမြင်တာနဲ့ အလွမ်းခံရှိနေတဲ့ကျွန်တော် ငိုမိတော့တယ်...

"ဘာလို့ငိုတာလဲသားရယ်... တိတ်တိတ်... Omma သားကြိုက်တဲ့ဟင်းတွေ ချက်ကျွေးမယ်... Omma သားလေးက မြို့မှာပင်ပင်ပန်းပန်း စီးပွားသွားရှာနေရတာ"

I Own You (Completed) Waar verhalen tot leven komen. Ontdek het nu