Episode - 3

4.8K 198 13
                                    

ဒီနေ့ပါဆိုရင် ကျွန်တော်ဒီအိမ်ကြီးမှာရောက်နေတာ ၈ရက်တိတိရှိပါပြီ...။ အမြဲတမ်းအခန်းထဲမှာပဲနေ လာပို့ပေးတဲ့စားစရာတွေစား ပျင်းနေရင် Tv ကြည့်နဲ့ ကျွန်တော့်ကိုကျွန်တော် ဘာမှန်းကိုမသိတော့ဘူး...။

အလုပ်လုပ်စရာမလိုဘူးလို့တော့မထင်နဲ့...။ ကျွန်တော့်အလုပ်က Jung Yunho ဆိုတဲ့လူရဲ့ Sex worker လေ...။ သူအလိုရှိတိုင်းမှာ သူ့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးရတာပါ...။ ကျွန်တော်ဒီရောက်တာ ၈ရက်ပေမယ့် သူနဲ့ကျွန်တော်အတူတူနေပြီးတာ အခါ၂၀လောက်ရှိနေပြီ...။

သူကကျွန်တော့်ကိုမြင်တိုင်း အတူတူနေဖို့ပဲစဉ်းစားနေတယ်ထင်ပါရဲ့...။ ကျွန်တော်ကဆွဲဆောင်မှုရှိလွန်းလို့ ချောလွန်းလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူကျွန်တော့်ကိုအခါခါသိမ်းပိုက်နေတာပါ...။ အစပိုင်းမှာတော့ သူနဲ့အတူနေတိုင်း ကြောက်ရွံ့ရုန်းကန်ခဲ့ခြင်းတွေရှိခဲ့ပေမယ့် နောက်ပိုင်းကျတော့လည်း ကျွန်တော့်စိတ်ထဲမှာကိုက သူနဲ့မဖြစ်မနေ အတူတူနေရမယ်ဆိုတာကို စွဲနေလေပြီဖြစ်တော့ ငြင်းဆန်ဖို့ရုန်းကန်ဖို့ စဉ်းစားမနေနိုင်တော့...။

ကျွန်တော်စိတ်မပါလည်းသူက အမျိုးမျိုးသိမ်းသွင်းနေတာပဲလေ...။ နောက်ဆုံးတော့ အကြမ်းဖက်တာလည်းမခံချင်တာကြောင့် သူ့သဘောဆန္ဒအတိုင်း လိုက်လျောရတာပါပဲ...။ ကျွန်တော့်အလုပ်က မနက်မိုးလင်းတာနဲ့သူနဲ့ တစ်ခေါက်လောက်ကတော့ အတူနေပေးရတယ်...၊၊ ပြီးတော့ညအိပ်ယာဝင်ခါနီးတစ်ကြိမ်ပေါ့...။

နေ့ခင်းဘက်တွေကတော့ သူအလုပ်ဆိုပြီးထွက်သွားတာပဲ...။ ဒါတောင်တခါတလေ အလုပ်ပါးရင်ဖြစ်ဖြစ် အိမ်ပြန်လာပြီး ကျွန်တော့်ကိုသိမ်းပိုက်သေးတာ...။ ရှက်စရာတော့ အတော်လေးကောင်းပါတယ်...။ သူနဲ့ကျွန်တော်မနေဖူးတဲ့ အနေအထားတစ်ခုမှမရှိတော့...။

ကားသံကြားလို့ကျွန်တော်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ သူ့ကားဖြစ်နေတယ်...။ အခုမှနေ့ခင်းပဲရှိသေးတာကို...။ ကြည့်ရတာအလုပ်မရှိဘူးထင်ပါရဲ့...။ သူပြန်လာတာနဲ့ ဘာလုပ်တော့မယ်ဆိုတာ သိနေတဲ့ကျွန်တော် ခြေဖျားလက်ဖျားတွေတောင် အေးစက်လာသလိုပင်...။ ခုနကလေးတင် သူ့အကြောင်းတွေးနေတာကို...။

I Own You (Completed) Where stories live. Discover now