Episode - 11

2.7K 96 0
                                    

"ဒိုင်း.....!!!"

သေနတ်သံနဲ့အတူ သေနတ်ကိုင်ထားတဲ့ ကျွန်တော့်လက်ကနေအစပြုလို့ တကိုယ်လုံးတုန်တက်လာတယ်... အသက်ရှူကြပ်ပြီး မောဟိုက်လာကာ ချွေးစေးတွေလဲ ချက်ချင်းထွက်လာခဲ့တယ်... ဒါတောင်ကျွန်တော်ပစ်လိုက်တာ သက်ရှိလူမဟုတ်... လူပုံစံလုပ်ထားတဲ့ သက်မဲ့ကားချပ်ကြီးတခုသာ...

"အများကြီးလိုသေးတယ်... ဒီလောက်ကြီးတဲ့ကားချပ်ကိုတောင် ထိအောင်မပစ်နိုင်ဘူးလား"

သူကအလုပ်နဲ့ပတ်သတ်ရင် သွေးအေးရက်စက်သူပီပီ သူသိပ်ချစ်ပါတယ်လို့ တဖွဖွပြောဖူးတဲ့ ကျွန်တော့်ကိုတောင် လေသံမာမာပြောတတ်တယ်... တဆက်တည်းမှာပင် ကျွန်တော့်ရဲ့အေးစက်တဲ့လက်တွေနဲ့ ခပ်တင်းတင်းဆုပ်ကိုင်ထားတဲ့သေနတ်ကို ဖျတ်ခနဲလှမ်းဆွဲယူလိုက်ပြီး ရှေ့တည့်တည့်က ကျွန်တော်လွဲချော်သွားတဲ့ကားချပ်ကို သေချာတောင်မချိန်ပဲ ပစ်ချလိုက်တယ်...

"ဒိုင်း....!!!"

ကျယ်လောင်တဲ့သေနတ်သံကြောင့် ကျွန်တော်ထိန်းထားတဲ့ကြားကနေ ဆတ်ခနဲတုန်သွားပြန်တယ်... ဘာလို့များသေနတ်သံကို ဒီလောက်ကြောက်နေပါလိမ့်... ဟိုတခါက သူကျွန်တော့်ရှေ့မှာတင် လူတယောက်ကို ရက်ရက်စက်စက် ပစ်သတ်လိုက်ကတည်းက ထင်ပါတယ်...

မဝံ့မရဲနဲ့ရှေ့ကကားချပ်ကို လှမ်းကြည့်လိုက်တော လူပုံရဲ့နဖူးနေရာမှာ ကျည်ပေါက်ရာကအထင်းသား... သူကျတော့လဲတော်လိုက်တာ... သေချာမချိန်ပဲနဲ့တောင်... ဟုတ်တာပေါ့လေ ကျင်လည်ကျက်စားခဲ့ရတဲ့ ဘဝတွေကမှ မတူညီခဲ့တာပဲ... ဘယ်သူသိနိုင်မှာလဲ ကျွန်တော့်လို အေးဆေးနေတတ်တဲ့ လူတယောက်က သူ့လိုလက်မရွံ့ဂိုဏ်းခေါင်းဆောင်တယောက်ရဲ့ ချစ်သူဖြစ်လာလိမ့်မယ်လို့လေ...

"သေနတ်သံကိုကြောက်နေတာလား..??"

သူ့လေသံအတန်ငယ်ပျော့ပြောင်းသွားတာ သတိထားမိတာကြောင့် ကျွန်တော်ခေါင်းညိတ်ပြရင်း သူ့ကိုလဲ အသနားခံတဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်လိုက်တယ်... သူကဆေးလိပ်တလိပ်ကို မီးညှိကာနှုတ်ခမ်းမှာ တေ့လိုက်ရင်း ရှိုက်ဖွာနေလိုက်သေးတယ်...

I Own You (Completed) Where stories live. Discover now