Episode - 4

4.3K 169 0
                                    

"ကိုယ့်ကိုလွမ်းနေလား Baby..??"

သူ့အသံခပ်ဩဩကို ဖုန်းထဲကနေတဆင့် ကြားရုံနဲ့ ကျွန်တော့်နှလုံးသားလေး နွေးထွေးသွားရတယ်... သူမမြင်နိုင်မှန်းသိရက်နဲ့ ခေါင်းကိုအထပ်ထပ်ညိတ်ပြနေမိတဲ့ ကိုယ့်ကိုကိုယ်လဲ နားမလည်နိုင်တော့ပေ...

"လွမ်းတယ်"

သူ့ဆီကတိုးရှရှရယ်သံကြောင့် ကျွန်တော့်ပါးပြင်နှစ်ဖက် ရဲသွားရတယ်... သူဘာလို့အခုထိ ပြန်မလာသေးတာလဲ...??

"ကိုယ်လဲ Baby ကိုအရမ်းလွမ်းနေတာ ညညဆိုဖက်အိပ်နေကျဆိုတော့လေ"

ဟွန်း...မသိရင်ကျွန်တော်က သူ့ခွလုံးကျနေတာပဲ... ပြောပုံကိုက ကဗျာမဆန်လိုက်တာ... ဒါပေမယ့်လဲ ခက်တာကသူ့စကားတိုင်းကို ကျွန်တော်ရင်ခုန်နေတော့တာ...

"ပြန်မလာသေးဘူးလား...??"

ကျွန်တော်သိချင်တာကို ဟန်မဆောင်နိုင်ပဲ သူ့ကိုမေးလိုက်မိတယ်... သူထွက်သွားတာ တပါတ်ပဲကြာမယ်ဆိုပြီး အခုတောင်ဆယ်ရက်ရှိနေပြီလေ...

"ကိုယ်အလုပ်တွေမပြတ်သေးလို့ ပြီးတာနဲ့ပြန်လာခဲ့မှာပါ ဘယ်နေ့လဲတော့ သေချာမပြောတတ်သေးဘူး"

ကျွန်တော်သက်ပြင်းပဲချလိုက်မိတယ်... သိပ်မကြာသေးတဲ့ အချိန်အတောအတွင်းမှာ ကျွန်တော်သူ့ကို သံယောဇဉ်တွယ်သွားခဲ့လေပြီ... Arni ချစ်မိသွားတာထင်ပါရဲ့...

"Hello...?? ကိုယ်ပြောတာကြားရဲ့လား"

"ဟမ် ဘာပြောတာလဲ...??"

သူ့အကြောင်းတွေးရင်းနဲ့ စိတ်မောသွားတဲ့ကျွန်တော် သူဘာပြောလဲတောင် သေချာမကြားလိုက်...

"စိတ်တွေကဘယ်ရောက်နေတာလဲ...??"

သူ့လေသံမာလာတာနဲ့ ကျွန်တော်မျက်ရည်ဝဲချင်နေပြီ... ဘာလို့မှန်းမသိ...

"ခင်ဗျားဆီရောက်နေတာလေ ဘာလို့မြန်မြန်ပြန်မလာတာလဲ...??"

ကျွန်တော်ရဲ့ခပ်ဆောင့်ဆောင့်အသံက အနည်းငယ်တော့ငိုသံစွက်သွားခဲ့တယ်... ထိုအခါ သူ့ဆီကအသံတိတ်သွားပြီးမှ သက်ပြင်းချသံသဲ့သဲ့ကို အရင်ဆုံးကြားလိုက်ရတယ်...

"Miyahae ကိုယ်အတတ်နိုင်ဆုံး စောပြန်ခဲ့ပါ့မယ် Saranghae Baby"

သူဖုန်းချသွားပေမယ့် ကျွန်တော်ဖုန်းကိုနားမှာကပ်ထားရင်း အသံတိတ်ငိုကြွေးနေဆဲ... သူကျွန်တော့်ကို ဒီ့ထပ်ပိုပြီး ပြေပြေပြစ်ပြစ်ဆက်ဆံပေးရင် ပိုကောင်းမှာပဲလို့ တွေးနေမိတယ်...

I Own You (Completed) Where stories live. Discover now