Episode - 7

3.5K 131 0
                                    

မျက်လုံးမဖွင့်ရသေးပေမယ့် ဘေးမှာနွေးထွေးစွာ ပွေ့ဖက်ထားတဲ့သူ မရှိတော့တာကြောင့် စိတ်ထဲမှာအထီးကျန်ဆန်နေသလိုပင်... သူကျွန်တော့်ကို အဲ့လောက်တောင်ပြုစားထားပါလား...

မှောက်ခုံလေးပြောင်းလိုက်ပြီးမှ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အခန်းထောင့်ကခြင်းလေးထဲမှာ အိပ်ပျော်နေတဲ့ Jiji ကိုတွေ့ရတယ်... သူ့အရုပ်လေးကိုလဲ ဖက်ထားလိုက်သေးတယ်...

Jiji စုတ်က အရုပ်ရပြီးတဲ့နောက်ပိုင်း ကျွန်တော့်ကိုအဖက်တောင်မလုပ်တော့... ဒီလိုမှန်းသိရင် Yunho နဲ့ပြဿနာအတက်ခံပြီး သူ့ကိုအရုပ်မပေးပါဘူး... အမြင်ကိုကတ်တယ် ကြောင်စုတ်လေး...

ကျွန်တော်အိပ်ယာပေါ်ကနေ လူးလဲထကာ အိပ်နေတဲ့ Jjii ဆီကအရုပ်ကို ဖျတ်ခနဲဆွဲလုလိုက်တော့ Jiji နိုးသွားပြီး တညောင်ညောင်နဲ့ အော်နေတော့တယ်... သဘောကတော့ပြန်ပေးပေါ့လေ...

"မပေးပါဘူး မင်းကအရုပ်ရပြီးကတည်းက ငါ့ကိုအဖက်မှမလုပ်တော့တာ ငါဘယ်လောက်ပျင်းတယ်ထင်လဲ...?? Yunho အလုပ်သွားရင် မင်းနဲ့ပဲအဖော်လုပ်ရတာကို"

"Baby လေးက အိမ်မှာပျင်းနေတာလား??"

နောက်ဘက်ကကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်အံ့ဩသွားတယ်.... Yunho...?? သူ့ကိုအလုပ်သွားပြီထင်နေတာကို...

"Yunho အလုပ်မသွားရသေးဘူးလား"

"ဒီနေ့အလုပ်မှမရှိတာ Boo ရဲ့"

သူကျွန်တော့်ကိုမျက်နှာချင်းဆိုင် ခါးကနေဆွဲဖက်ကာ နမ်းဖို့ပြင်တော့ ကျွန်တော်အသာလေးခေါင်းကို ရှောင်ဖယ်လိုက်တယ်... ထိုအခါသူ့မျက်နှာက ပြိုတော့မယ့်မိုးလို အုံ့မှိုင်းသွားတယ်... သိတာပေါ့ သူကျွန်တော့်ကိုစိတ်ဆိုးသွားပြီဆိုတာ...

"ကျွန်တော်မျက်နှာမသစ်ရသေးဘူးလေ အမြန်သွားသစ်လိုက်ဦးမယ်"

သူ့ရင်ဘက်ကိုခပ်သာသာတွန်းထုတ်ပြီး ပြောလိုက်ပေမယ့် သူကမလွှတ်ပေးသေးပဲ ဖက်ထားဆဲ... ကျွန်တော်သူစိတ်ဆိုးနေသေးလားလို့ တချက်အကဲခတ်တော့ ပုံမှန်ပါပဲ...

"ကိုယ့်ကိုနမ်းမှလွှတ်ပေးမယ်"

သူကတခါတလေဆို ကလေးဆိုးကြီးကျနေတာပဲ... ကျွန်တော်သူ့မျက်နှာအနှံ့အပြားကို ခပ်ဖွဖွလေးနမ်းတော့မှ သူပြုံးသွားပြီး ကျွန်တော့်ကိုပြန်လွှတ်ပေးတယ်...

I Own You (Completed) Where stories live. Discover now