Episode - 9

2.4K 105 0
                                    

ကျွန်တော်သတိရလာတော့ ဘာပစ္စည်းမှမရှိတဲ့ အခန်းကျယ်ကြီးတခုထဲက ထိုင်ခုံတခုပေါ်မှာ ကြိုးတုပ်လျက်သား အနေအထားနဲ့ ဖြစ်နေလေတယ်... ကျွန်တော့်ပါးစပ်ကိုလဲ တိတ်တခုနဲ့ပိတ်ထားသေးတယ်...

ရီဝေမူးနောက်နေတဲ့ခေါင်းကို ပြေလိုပြေငြားအတန်ငယ် ယမ်းခါကြည့်ပေမယ့် မလျော့သွားခဲ့... ထိုစဉ်ကျွန်တော့်နောက်ဘက်ကနေ လှမ်းလျှောက်လာတဲ့ ခြေသံတခုကြောင့် ကျွန်တော်ထိတ်လန့်ကာ ခေါင်းနပန်းကြီးသွားခဲ့တယ်...

"သတိရလာပြီလား အရုပ်ကလေးရဲ့"

ထိုသူကကျွန်တော့်ကို ရှေ့တည့်တည့်ကနေ လာကြည့်တယ်... မျက်နှာမှာဓားဒဏ်ရာလို ကန့်လန့်ဖြတ်အမာရွတ်ကြီးနဲ့... အကြည့်တွေကလဲစူးရှကာ ရက်စက်တတ်တဲ့သူတယောက်ဆိုတာ ပေါ်လွင်နေလေတော့ ကျွန်တော်အရမ်းကိုထိတ်လန့်လာမိတယ်....

"မကြောက်ပါနဲ့... မင်းကိုငါဘာမှမလုပ်သေးပါဘူး... မင်းရဲ့သခင် Jung Yunho ပေါ်တော့ မူတည်တာပေါ့... သူသာငါ့ Boss ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့မယ်ဆိုရင် မင်းကိုလက်ဖျားနဲ့တောင် မထိပါဘူးကွာ"

သူတို့တွေဘာလို့များ Yunho နဲ့ပတ်သတ်တဲ့ကိစ္စကို သေသေချာချာ မျက်နှာချင်းဆိုင်မဆွေးနွေးပဲ ဘာလို့များခုလို ကျွန်တော့်ကိုဖမ်းကာ Yunho ကိုအကြပ်ကိုင်ရလဲဆိုတာ ဘယ်လိုမှစဉ်းစားမရခဲ့...

"မင်းကတော်တော်လေးတော့ချောတာပဲ... ဒါကြောင့် Yunho က တမ်းတမ်းစွဲဖြစ်နေတာနေမှာ"

ကျွန်တော့်မျက်နှာကိုသူ့လက်ကြမ်းကြီးနဲ့ လာကိုင်ဖို့လုပ်တော့ ကျွန်တော်အတင်း ခေါင်းကိုယမ်းကာ တိမ်းရှောင်လိုက်မိတယ်... ကျွန်တော့်အသားကို Yunho ကလွဲလို့ တခြားသူထိတာ လုံးဝကိုမလိုလားဘူး...

"သိပ်ပြီးလဲကြီးကျယ်မနေပါနဲ့... Jung Yunho က မင်းကိုစားလို့ဝသွားရင် လွှင့်ပစ်ခဲ့မှာပဲလေ... ငါတို့ Boss ရဲ့သမီးကိုတောင် ဗိုက်တလုံးနဲ့ ထားပစ်ခဲ့တာ"

ဘာရယ်...?? သူပြောတဲ့စကားကြီးက ဘာလဲ...??
Yunho က အဲလိုလူစားမျိုးမဟုတ်ပါဘူး... ကျွန်တော့်နားမှာပဲနေပြီး ကျွန်တော့်ကိုပဲ အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့လူစားမျိုးပါ...

I Own You (Completed) Where stories live. Discover now